#Local_Health
Published_ 11 Feb 2022
ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးဆေးကုဌာနမှ အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် ကိုဗစ်ရောဂါခံစားနေရပါသဖြင့် နှလုံးဆေးကုပြင်ပလူနာဌာနအား ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ Facebook စာမျက်နှာမှ အသိပေးကြေညာထားပါတယ်။
နှလုံးဆေးကုပြင်ပလူနာဌာနကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ခေတ္တ ပိတ်ထားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆေးရုံကြီး၏ အရေးပေါ်လူနာများနှင့် အခြားအထူးကုပြင်ပလူနာများအား ပုံမှန်အတိုင်း ဖွင့်လှစ်ကုသပေးမည်ဖြစ်ပြီး အရေးပေါ်နှလုံးလူနာများအား ပုံမှန်အတိုင်း ဆေးရုံတင်ကုသမှုပေးမည်ဖြစ်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့ည သတင်းထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ၁,၆၀၇ ဦးရှိပြီး ပိုးတွေ့ရာနှုန်း ၆ ဒဿမ ၅ အထိပြန်လည်မြင့်တက်လာပါတယ်။
Photo CRD
ymg-mnn
#Yangon_Media_Group
- Category: Myanmar
- Category: Myanmar
- Category: Myanmar
- Category: Myanmar
Published 12 Feb 2022
ယနေ့ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ကျခံပြီးဖြစ်သည့်အပြင် စည်းကမ်း ကောင်းမွန်စွာ နေထိုင်ကြတဲ့ အကျဉ်းသား (၈၁၄)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း နစကဥက္ကဋ္ဌက ယနေ့ အမိန့် ထုတ်ပြန်ပါတယ်။
- Category: Myanmar
#LocalNews
Published -11 Feb 2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစတင်ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းလာရောက်ကြတဲ့ ခရီးသွားတွေကတဆင့် ကိုဗစ်ပိုးတွေ့လူနာတွေ ပြန်လည်တွေ့ရှိလာတာကြောင့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ၂ ကွာရန်တင်းစင်တာမှာ ပိုးတွေ့သူတွေနဲ့ ထိစပ်သူ ၃၀၀ ခန့်ကို အသွားအလာကန့်သတ်စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
#published - 11 Feb 2022
မြန်မာနိုင်ငံကိုယ်စားပြု MMA ကစားသမား ထီရယ်လ်ထန်ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ONE Championshipရဲ့ Bad Blood အမည်ရပြိုင်ပွဲကို ယနေ့ညနေ ၅နာရီက စတင်ယှဥ်ပြိုင်ခဲ့ရ ဒိုင်ရဲ့ဆုံးဖြတ်ချက်အရ တစ်ဖက်ကစားသမားဆက်လက်ယှဥ်ပြိုင်နိုင်ခြင်းမရှိတာကြောင့် အရှုံးအနိုင်အဖြေမပေါ်ခဲ့ပါဘူး
ONE Championship ရဲ့ Bad Blood အမည်ရ MMA ပြိုင်ပွဲမှာ တွဲဆိုင်း (၁၃)ပွဲ ပါဝင်မှာဖြစ်ပြီးမြန်မာ့ MMAကစားသမားထီရယ်လ်ထန်မှာ အင်ဒိုနီးရှားနိုင်ငံသား ဆူနိုတိုနဲ့ ပထမဆုံးပွဲစဉ်အဖြစ် ယှဥ်ပြိုင်ရမှာ ပထမအချီတွင် ထီရန်ထန်ရဲ့ ပထမအချီ ဒူးတိုက်ချက်မှာ ပြိုင်ဘက်ကစားသမားရဲ့ခါးအောက်ပိုင်းကိုထိခဲ့ပြီး ပွဲပြန်လည်စတင်ရာ ထီရယ်ထန်က ထပ်မံဒူးတိုက်ချက်များမှာ ပြိုင်ဘက်ကစားသမား၏ဝမ်းဗိုက်ကိုသာထိခဲ့ပြီး ပြိုင်ဘက်ကစားသမားကလဲကျခဲ့ရာတွင် ဒိုင်က ထီရယ်ထန်ကိုအဝါကတ်ပြကာ ပြိုင်ဘက်ကစားသမားဆက်လက်မယှဥ်ပြိုင်နိုင်တာကြောင့်ပွဲကိုရပ်နားခဲ့ပါတယ်။
ယခုပွဲစဥ်ကြည့်ရှုသူများက ပြိုင်ဘက်ကစားသမားဆူနိုတိုရဲ့ကြံ့ခိုင်မှုအခြေအနေအပေါ်ဝေဖန်ခဲ့ကြသလိုဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ်ဝေဖန်မှုရှိခဲ့ပါတယ်။
ထီရယ်လ်ထန်မှာ ONE Championship (၅)ပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံသား ဆာရော့သ်၊ တောင်ကိုရီးယားနိုင်ငံသား ကင်မ်ဝူဂျောင်နှင့် အင်ဒိုနီးရှားနိုင်ငံသား ပေါလ်လူမီဟီတို့ကို အနိုင်ရထားသော်လည်း နောက်ဆုံးပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်ကို ရှုံးနိမ့်ထားပါတယ်။
Bad Bloodပြိုင်ပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ်ဘီဘီယာနို (ဘရာဇီးလ်)နှင့် ဂျွန်လိုင်နီကာ (ဘရာဇီးလ်)၊ Interim Heavyweight ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ်အန်နာတိုလီ (ရုရှား)နှင့် ကီရီလ် (ဘီလာရုစ်)တို့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ymg/hm
- Category: Myanmar