#published - 11 Feb 2022

မြန်မာနိုင်ငံကိုယ်စားပြု MMA ကစားသမား ထီရယ်လ်ထန်ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ONE Championshipရဲ့  Bad Blood အမည်ရပြိုင်ပွဲကို ယနေ့ညနေ ၅နာရီက စတင်ယှဥ်ပြိုင်ခဲ့ရ ဒိုင်ရဲ့ဆုံးဖြတ်ချက်အရ တစ်ဖက်ကစားသမားဆက်လက်ယှဥ်ပြိုင်နိုင်ခြင်းမရှိတာကြောင့် အရှုံးအနိုင်အဖြေမပေါ်ခဲ့ပါဘူး

ONE Championship ရဲ့ Bad Blood အမည်ရ MMA ပြိုင်ပွဲမှာ တွဲဆိုင်း (၁၃)ပွဲ ပါဝင်မှာဖြစ်ပြီးမြန်မာ့ MMAကစားသမားထီရယ်လ်ထန်မှာ အင်ဒိုနီးရှားနိုင်ငံသား ဆူနိုတိုနဲ့  ပထမဆုံးပွဲစဉ်အဖြစ် ယှဥ်ပြိုင်ရမှာ ပထမအချီတွင်  ထီရန်ထန်ရဲ့ ပထမအချီ ဒူးတိုက်ချက်မှာ ပြိုင်ဘက်ကစားသမားရဲ့ခါးအောက်ပိုင်းကိုထိခဲ့ပြီး ပွဲပြန်လည်စတင်ရာ ထီရယ်ထန်က ထပ်မံဒူးတိုက်ချက်များမှာ ပြိုင်ဘက်ကစားသမား၏ဝမ်းဗိုက်ကိုသာထိခဲ့ပြီး ပြိုင်ဘက်ကစားသမားကလဲကျခဲ့ရာတွင် ဒိုင်က ထီရယ်ထန်ကိုအဝါကတ်ပြကာ ပြိုင်ဘက်ကစားသမားဆက်လက်မယှဥ်ပြိုင်နိုင်တာကြောင့်ပွဲကိုရပ်နားခဲ့ပါတယ်။

ယခုပွဲစဥ်ကြည့်ရှုသူများက ပြိုင်ဘက်ကစားသမားဆူနိုတိုရဲ့ကြံ့ခိုင်မှုအခြေအနေအပေါ်ဝေဖန်ခဲ့ကြသလိုဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ်ဝေဖန်မှုရှိခဲ့ပါတယ်။

ထီရယ်လ်ထန်မှာ ONE Championship  (၅)ပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံသား ဆာရော့သ်၊ တောင်ကိုရီးယားနိုင်ငံသား ကင်မ်ဝူဂျောင်နှင့် အင်ဒိုနီးရှားနိုင်ငံသား ပေါလ်လူမီဟီတို့ကို အနိုင်ရထားသော်လည်း နောက်ဆုံးပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်ကို ရှုံးနိမ့်ထားပါတယ်။ 

Bad Bloodပြိုင်ပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ်ဘီဘီယာနို (ဘရာဇီးလ်)နှင့် ဂျွန်လိုင်နီကာ (ဘရာဇီးလ်)၊ Interim Heavyweight ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ်အန်နာတိုလီ (ရုရှား)နှင့် ကီရီလ် (ဘီလာရုစ်)တို့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

ymg/hm