Published 8 Oct 2021

လိင်ဆက်ဆံနေစဉ်အတွင်း အသိမပေးဘဲ ကွန်ဒုံးကို ချွတ်ပစ်သည့် ခိုးကြောင်းခိုးဝှက်အလုပ်ကို တားမြစ်တဲ့ ဥပဒေတစ်ရပ်ကို ကာလီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂါဗင် နယူးစ်ဆွမ်က ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။အဲသလို လုပ်ဆောင်ခြင်းဟာ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်တဲ့ တရားမကြောင်းဆိုင်ရာပြစ်မှုမြောက်တယ်လို့ ဥပဒေသစ်က ဆိုပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံမှာ ပထမဆုံးသော ခိုးကြောင် ခိုးဝှက်ဆန့်ကျင်ရေး ဥပဒေတစ်ရပ်ဖြစ်ပါတယ်လို့ ကာလီဖိုးနီးယားမှ ထုတ်ဝေတဲ့ ဒေသဆိုင်ရာ သတင်းစာ စက်ခရာမင်တိုဘီ ကရေးသားပါတယ်။ ဒီဥပဒေကြမ်းဟာ ပြီးခဲ့တဲ့လက ကန့်ကွက်သူမရှိ လွှတ်တော်နှစ်ခုစလုံးက အတည်ပြုခဲ့ပါတယ်လို့ ယခုဥပဒေကြမ်းကို တင်သွင်းသူ ပြည်နယ်အောက်လွှတ်တော်ဥက္ကဋ္ဌ ခရစ်စတီနား ဂါဆီယာက သတင်းထုတ်ပြန် ချက်ထဲမှာ ပြောပါတယ်။

“ ဒီခိုးကြောင်ခိုးဝှက်လုပ်တဲ့ကိစ္စနှင့်ပတ်သက်လို့ ၂၀၁၇ခုနှစ်ကတည်းက ကျွန်မကြိုးစားခဲ့တာပါ။ဒီအက်ဥပဒေကို ချိုးဖောက်သူတွေမှာ တာဝန်ခံရမှာတွေ အခုရှိလာတဲ့အတွက်  ကျွန်မဝမ်းမြောက်မိပါတယ်။ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ အထူးသဖြင့် အသားဖြူတွေမဟုတ်တဲ့ အမျိုးသမီးတွေဟာ လျစ်လျူရှုခံနေကြရတယ်” လို့ ဥပဒေအတည်ပြုပြီးတဲ့နောက် သတင်းထုတ်ပြန်ရာမှာ ဂါဆီယာကပြောပါတယ်။

ယေးတက္ကသိုလ်က ခိုးကြောင်းခိုးဝှက်ဆန်တဲ့ အဲဒီလုပ်ရပ်ကို သုတေသနလုပ်ခဲ့ပြီး ဒါဟာ ဂုဏ်သိက္ခာနှင့် မိမိကိုယ်ပိုင်ဆိုင်မှု အပေါ် စိုးရိမ်စရာကောင်းအောင်ချိုးဖောက်မှုတစ်ခုဖြစ်တယ်” လို့ပြောပါတယ်။ ဒီလိုကျူးလွန်မှုမျိုးခံနေကြရတဲ့ အမျိုးသမီးတွေနှင့် ဂေးလ်အမျိုးသားတွေ အရေအတွက်လည်း များပြားလာနေတယ်လို့ သူမက ဆိုပါတယ်။

အသိပေးခြင်းရှိဘဲ ကွန်ဒုံးကို ချွတ်ပစ်သူဟာ အပြစ်ရှိပြီး ယေဘုယျ၊အထူးနှင့် ပြန်းထန်တဲ့ ထိခိုက်နစ်နာမှုတွေအတွက် တာဝန်ရှိမှာဖြစ်ပါတယ်လို့  အဲဒီဥပဒေမှာ ဖော်ပြထားပါတယ်။

Source Reuters