Published 8 October 2021

အိန္ဒိယအစိုးရရဲ့ ကာကွယ်ဆေးချစ်ကြည်ရေးအစီအစဉ်အရ မြန်မာ၊ နီပေါ နှင့်  ဘင်္ဂလာဒက်ရှ်နိုင်ငံများဆီသို့ ကိုဗီရှီးလ်ကာကွယ်ဆေး ၁၀ သိန်းစီပေးပို့ရန် အိန္ဒိယနိုင်ငံ ဆီရမ်အင်စတီကျူ ( SII)  ကို ခွင့်ပြုလိုက်ပြီဖြစ်ပြီး ဘာရက်ဘိုင်အိုတက်ခ်ကို အီရန်နိုင်ငံဆီသို့ ကိုဗက်ဆင်းကာကွယ်ဆေး ၁၀ သိန်းပို့ဆောင်ရန်ခွင့်ပြုလိုက်ကြောင်း ကြာသပတေးနေ့မှာ တရားဝင်သတင်းပေးပို့မှုအရ သိရပါတယ်။

 

ပူနာမြို့မှာအခြေချထားတဲ့ SII ဆေးကုမ္ပဏီဟာ အင်္ဂလန်ရှိ အက်စ်ထရာဇန်နီကာသို့

ကိုဗီရှီးလ်ကာကွယ်ဆေးကုန်ကြမ်း သန်း ၃၀ ထောက်ပံ့ရန် ခွင့်ပြုချက်ရရှိခဲ့ပါတယ်။

 

သတင်းပေးပို့မှုအရ SII မှ ဒါရိုက်တာပရာကက်ရှ်ကူမာဆင်းဟာ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူထားတဲ့

အင်္ဂလန်အခြေစိုက် အက်စ်ထရာဇန်နီကာသို့ ကိုဗီရှီးလ် bulk vaccine များပေးပို့ရန်

 အိန္ဒိယကျန်းမာရေးဝန်ကြီးထံမှ ဩဂုတ်လက ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။

 

ကျန်းမာရေးဝန်ကြီးက ကာကွယ်ဆေးချစ်ကြည်ရေးနှင့် ကာကွယ်ဆေးထောက်ပံ့ရေး အစီအစဉ်အရ ၂၀၂၁ နှောင်းပိုင်းမှာ ကိုဗစ်ကာကွယ်ဆေးတွေကို ဆက်လက်တင်ပို့သွားမယ်လို့  စက်တင်ဘာ ၂၀ ရက်က ကြေညာလိုက်ပါတယ်။

 

ဘာရက်ဘိုင်အိုတက်ခ်ရဲ့ ကိုဗက်ဆင်းကာကွယ်ဆေး ၁၀ သိန်းကို အီရန်သို့ပေးပို့မှာဖြစ်ပြီး SII က  မြန်မာ နီပေါ ဘင်္ဂလာဒက်ရှ်နိုင်ငံတွေဆီကိုတော့ ကိုဗီရှီးလ်ကာကွယ်ဆေး ၁၀ သိန်းစီပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

bulk vaccine သန်း ၃၀ ကိုလည်း အက်စ်ထရာဇန်နီကာဆီသို့ ဒီလအတွင်း ပေးပို့ရန်ခွင့်ပြုချက်ရထားပြီဖြစ်ကြောင်း ဆိုပါတယ်။

 

SII က ကိုဗီရှီးလ်ကာကွယ်ဆေး တစ်လကို သန်း ၂၀၀ အထိတိုးမြှင့်ထုတ်လုပ်လျက်ရှိပြီး အောက်တိုဘာလမှာ သန်း ၂၂၀  အထိထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ သတင်းအရသိရပါတယ်။

 

ဘာရက်ဘိုင်အိုတက်ခ်က လစဉ်လတိုင်း ကိုဗက်ဆင်းကာကွယ်ဆေး သန်း ၃၀ နီးပါးထုတ်လုပ်လျက်ရှိပြီး လာမယ့်လတွေမှာ သန်း ၅၀ အထိထုတ်လုပ်နိုင်ဖို့ ရှိနေပါတယ်။

 

ဒီဇင်ဘာ ၃၁ ရက်မှာ SII က ကိုဗီရှီးလ် သန်း ၆၆၀ ထုတ်လုပ်နိုင်မယ်လို့ ဆိုလိုက်ပြီး ၂၀၂၁ အတွင်း သန်း ၁၃၀၀ အထိထောက်ပံ့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

 

ပရာကက်ရှ်ကူမာဆင်းရ်က ဩဂုတ်လအတွင်း ကိုဗီရှီးလ် bulk vaccine တွေကို အက်စ်ထရာဇန်နီကာဆီသို့ ပေးပို့ရန်ခွင့်ပြုချက် တောင်းခံထားပြီး အက်စ်ထရာဇန်နီကာနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီချက်အရ အက်စ်ထရာဇန်နီကာဘက်က လိုအပ်ချက်အတိုင်း ကာကွယ်ဆေးကုန်ကြမ်း ဒါမှမဟုတ် ကာကွယ်ဆေးတွေကို ထောက်ပံ့ရမှာဖြစ်ပါတယ်။

 

"အက်စ်ထရာဇန်နီကာဟာ bulk vaccine တွေကို အရေးတကြီးလိုအပ်နေတာကြောင့် သူတို့ဆီကို ပို့ဆောင်ခွင့်ပြုဖို့ လေးလေးနက်နက်တောင်းဆိုတာပါ" ဆိုပြီး ဆင်းရ်က တောင်းဆိုလိုက်ပြီး ကိုဗီရှီးလ်ကာကွယ်ဆေးတွေကို ပြည်တွင်းမှာသာ ထိန်းသိမ်းထားစရာမလိုကြောင်း ပြောလိုက်ပါတယ်။

 

SII က အောက်စဖို့တက္ကသိုလ် အက်စ်ထရာဇန်နီကာတို့နဲ့ ပူးပေါင်းကာ နည်းပညာများအပြန်အလှန် ဖလှယ်ပြီးတော့ ကိုဗီရှီးလ်ကိုဗစ်ကာကွယ်ဆေးကို ထုတ်လုပ်နေတာဖြစ်ပါတယ်။

 

ဘာရက်ဘိုင်အိုတက်ခ်ကတော့ အိန္ဒိယဆေးဝါးသုတေသနကောင်စီနဲ့ ပူးပေါင်းကာ ကိုဗက်ဆင်းကာကွယ်ဆေးကို ပြည်တွင်းမှာ ထုတ်လုပ်နေတာဖြစ်ပါတယ်။

Source Times of India