#WorldHealth

+++++++++++++++++++++++++++++++

Published- 8 Oct 2021

ဖိုင်ဇာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးတဲ့အခါမှာ antibody ပမာဏ ရုတ်တရက်ကျဆင်းသွားကြောင်း ရှီဘာဆေးကုသစင်တာမှ သုတေသီတွေက နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။

ကျန်းမာရေးအခြေအနေနဲ့ အသက်အရွယ်အပိုင်းအခြားအလိုက် အမျိုးမျိုးသောလူတွေအနေနဲ့ ၆ လအကြာမှာ ရှိသင့်တဲ့ antibody ပမာဏထက် လျော့နည်းနေနိုင်ကြောင်း တွေ့ရှိထားပါတယ်။ရှီဘာမှ ဝန်ထမ်း ၄၈၀၀ ကျော်က စမ်းသပ်စစ်ဆေးမှုမှာပါဝင်ခဲ့ကြပါတယ်။ထိုဝန်ထမ်းများကို သွေးရည်ကြည်စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခဲ့ကြပါတယ်။

ထိုစမ်းသပ်စစ်ဆေးချက်တွေမှာ သုံးပတ်ခြားပြီးထိုးနှံရတဲ့ ဖိုင်ဇာကာကွယ်ဆေး နှစ်ကြိမ်ထိုးအပြီး ခြောက်လအတွင်း antibody ပမာဏကို တိုင်းတာရတာဖြစ်ပါတယ်။antibody ပမာဏက မြန်မြန်ဆန်ဆန်လျော့နည်းသွားတာကို တွေ့ရှိရပါတယ်" လို့ စာတမ်းပြုစုသူ ပရော်ဖက်ဆာရီဂက်ယိုရှေက မီဒီယာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အမျိုးသမီးတွေနဲ့ ငယ်ရွယ်သူတွေမှာ စစချင်းမှာ antibody ပမာဏမြင့်မားနေပေမယ့်လည်း လျော့နည်းလာမှုမှာတော့ အသက်အရွယ်ကျားမမရွေး အတူတူပဲဖြစ်ပါတယ်။အခြေအနေအပိုင်းအခြားမတူတဲ့ အမျိုးမျိုးသောလူတွေမှာ အချိန်ကာလတစ်ခုအကြာ antibody ပမာဏ ဘယ်လောက်အထိ လျော့နည်းလာသလဲဆိုတာကို သိရှိအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရီဂက်ယိုရှေက ဆိုပါတယ်။

လေ့လာတွေ့ရှိချက်အရ ၆ လအကြာမှာ အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား ကျန်းမာသန်စွမ်းတဲ့အမျိုးသမီးတစ်ဦးအနေနဲ့ antibody ပမာဏ ၂၅၆ အောက်လျော့နည်းဖို ၆၈ ရာခိုင်နှုန်းရှိနေပြီး antibody ပမာဏ ၁၆ အောက်လျော့နည်းဖိုက ၂.၅ ရာခိုင်နှုန်းရှိနေပါတယ်။

antibody ပမာဏ ၁၆ အောက်ဆိုတာ မရှိသလောက်ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ အဝလွန်တဲ့သူတွေမှာ ရောဂါပိုမိုပြင်းထန်လေ့ရှိတယ်လို့ သိထားကြပေမယ့်လည်း ကျန်းမာရေးကောင်းတဲ့သူတွေလောက် antibody လျော့နည်းမှုမရှိတာကိုတော့ အံ့အားသင့်ဖွယ်တွေ့ရှိရပါတယ်။

"antibody ပမာဏနဲ့ ရောဂါပြင်းထန်မှုအခြေအနေတွေ ဆက်စပ်နေကြောင်းကို သိရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီပမာဏသတ်မှတ်ချက်တွေကို ကျွန်မတို့လေ့လာသွားမှာ ဖြစ်ပါတယ်" လို့ ရီဂက်ယိုရှေက ဆိုပါတယ်။

ဒီလေ့လာချက်တွေဟာ ဘယ်သူတွေကို ဘယ်အချိန်မှာ ထပ်မံထိုးနှံဖိုလိုသလဲဆိုတဲ့အချက်အလက်တွေအတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။ ကူးစက်ရောဂါဖြစ်ပွားမှုအောက်မှာ ရှိနေကြတဲ့ လူတွေအားလုံးကို booster ထိုးစေချင်တဲ့ အစ္စရေးရဲ့ဆုံးဖြတ်ချက်ကို ဒီပညာရှင်က ထောက်ခံလိုက်ပါတယ်။

ပထမနှစ်ကြိမ်ကာကွယ်ဆေးထိုးခြင်းမှာ တစ်ကြိမ်နဲ့တစ်ကြိမ် အချိန်အတော်ကြာခြားပြီးမှ ထိုးခြင်းဖြင့် ကာကွယ်ဆေးအာနိသင် ပိုမိုတာရှည်ခံနိုင်ကြောင်း ပရော်ဖက်ဆာက ထပ်ပြောကြားခဲ့ပါတယ်။

Source The Jerusalem Post