Published 25 December 2022

ကြောက်စရာကောင်းလှတဲ့ ဆောင်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ နေရာအစိတ်အပိုင်းတွေကို ဆက်လက် ထုထောင်းနေပါတယ်။

အင်အားပြင်းလှတဲ့ အာတိတ်လေတွေကြောင့် စနေညနေခင်းမှာ လူသန်းပေါင်းများစွာ လျှပ်စစ်မီးမရရှိဘဲနေထိုင်နေကြရပါတယ်။

ဆောင်းမုန်တိုင်းနှင့်အတူ နယူးယောက်ပြည်နယ် ဘတ်ဖလိုမြို့တစ်လျောက်မှာ ထူထပ်တဲ့ နှင်းတွေ ကျဆင်းနေပါတယ်။အရေးပေါ်လုပ်ငန်းတွေကို မြူနီစပါယ်ဒေသ(၈)ခုမှာ လုပ်ဆောင်လို့မရဘဲဖြစ်နေပြီး ဒေသခံတွေ အိမ်ထဲမှာပဲနေကြဖို့ ဘတ်ဖလိုအများကောင်စီက တွစ်တာမှာကြေညာထားပါတယ်။

Source AFP

#US_Winter_Storm

#Climate_Change