Published 25 December 2022

၁၂၄ကြိမ်မြောက်မဲခေါင်မြစ် ပူးတွဲကင်းလှည့်မှုကို တရုတ်၊လာအို၊မြန်မာနှင့် ထိုင်းနိုင်ငံတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးနောက်  သောကြာနေ့က ပြီးဆုံးခဲ့ပါတယ်။ အဲဒီပူးတွဲကင်းလှည့်ရာမှာ ပါဝင်ခဲ့တဲ့ တရုတ်ရေယာဉ် လေးစီးဟာ အနောက်တောင်ယူနန်ပြည်နယ်က ကွမ်လေးဆိပ်ကမ်းကို ပြန်လည်ဆိုက်ကပ်ရောက်ရှိခဲ့ပါတယ်။

အဆိုပါ (၄)ရက်ကြာ ပူးတွဲကင်းလှည့်လည်ရာမှာ နိုင်ငံပေါင်းလေးနိုင်ငံမှ ရေယာဉ်(၆)စီးဖြင့် ကွမ်လေဆိပ်ကမ်းမှ ရွှေတြိဂံအနီးရေပြင်အထိ ၅၂၀ကီလိုမီတာကို ခုတ်မောင်းခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေရာတစ်ဝိုက်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်ကုန်ကူးမှု နာမည်ဆိုးဖြင့်ကျော်ကြားနေတဲ့နေရာတွေပါ။

ကင်းလှည့်ခရီးအတွင်း အဆိုပါနိုင်ငံလေးနိုင်ငံမှ အဖွဲ့တွေဟာ "Watch-2022" လေ့ကျင့်ခန်းတွေကိုပါပူးတွဲဆောင်ရွက် ခဲ့ပါတယ်။ လေ့ကျင့်ခန်းတွေမှာ ပူးတွဲစစ်ဆင်ရေးကို ကျယ်ပြန့်စွာ စစ်ဆေးခြင်း၊တိုးမြှင့်ဆောင်ရွက်ခြင်း၊ အရေးပေါ် တုန့်ပြန်ခြင်းနှင့် တိုက်ပွဲအသင့် စွမ်းရည်တွေပူးပေါင်းဆောင်ရွက်ခြင်းတို့ပါဝင်ခဲ့ပါတယ်။

မဲခေါင်မြစ်ဟာ တရုတ်တို့က လန်ချန်းလို့ခေါ်တဲ့မြစ်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ရေကြောင်းသွားလားမှုအတွက် အရေးပါတဲ့ ရေပြင်တစ်ခုဖြစ်ပါတယ်။

၂၀၁၁ခုနှစ် ဒီဇင်ဘာလကတည်းက အဆိုပါနိုင်ငံလေးနိုင်ငံဟာ ပူးတွဲကင်းလှည့်မှုတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်  မဲခေါင် လေးနိုင်ငံ ဥပဒေစိုးမိုးရေးဌာနတွေရဲ့ ပူးတွဲကင်းလှည့်မှုတွေကြောင့် အမှားကင်းစင်ပြီး ထိခိုက်မှု၊ပြီးတော့ မြစ်ကြောင်းထဲအပိုင်စီးမှုတွေ တစ်ခုမှမဖြစ်ခဲ့တဲ့အတွက် နိုင်ငံတကာ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်တဲ့ ပုံစံတစ်ခုဖြစ်လာခဲ့ရပါတယ်။

Source: CCTV+

#The_124th_joint_Mekong_River_patrol

#Joint_patrol_Myanmar_Mekong

#Myanmar_Politics