Published 25 December 2022

ဒါမျိုးကတော့ အသေအချာကို နစ်နာကြေးပေးရမယ့်ကိစ္စဖြစ်ပါတယ်။

ပြင်သစ်ဆေးရုံတစ်ရုံဟာ အမျိုးသားတစ်ဦးကို ဆက်တိုက်မှားယွင်းမှုတွေပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးမှာ မလိုအပ်ဘဲ သူ့ရဲ့ လိင်အင်္ဂါတစ်ခုလုံးကို ဖြတ်တောက်လိုက်ရတဲ့အခြေအနေဆိုက်ရောက်သွားခဲ့ရကာ သူ့မှာ ဘာတစ်ခုမှ အာရုံ   ခံစားမှုမရှိတော့တဲ့ ဘဝနှင့်ကျန်ရစ်ခဲ့ရတာကြောင့်လို့ ဆိုပါတယ်။

အဲဒါကြောင့် အဲဒီအတွက် နန်တေးစ် အုပ်ချုပ်ရေးခုံရုံးက သူ့လိင်အင်္ဂါအတွက် လျော်ကြေးပေးစေလို့ ဆုံးဖြတ်ခဲ့တာပါ။

“ ဒီဆရာဝန်ကို ကျွန်တော် အတော်မုန်းတယ်ဗျာ။ ကျွန်တော်ပြောစကားကို သူနားမထောင်ဘူး” လို့ အမည်မဖော်ပြလိုတဲ့ အဲဒီအမျိုးသားက ပြည်တွင်းကသတင်းစာ ဖရန့်ဘလူးကို ပြောပါတယ်။ နန်တေးတက္ကသိုလ်ဆေးရုံက လိင်ပိုင်းဆိုင်ရာ ဆက်စပ်တယ်လိုဆိုတဲ့  နည်းစဉ်တစ်ခုကို ၂၀၁၄ခုနှစ်က ပြုလုပ်ခဲ့ပါတယ်။ “ သူက ကျွန်တော်နှင့် ရုရှား ရူလက် (ကိန်းဂဏန်းကစားပွဲ)ကစားလိုက်တာပဲဗျ” လို့ သူကဆက်ပြောပါတယ်။

ကလေး(၃)ယောက်ရဲ့ဖခင်ဖြစ်တဲ့သူဟာ အဲဒီတုန်းက အသက်၃၀ အရွယ်ပါ။ သူ့ဆီမှာ အက်ပီသီလယမ် တစ်သျှူး  တွေ ဖြစ်စေတဲ့ ကင်ဆာအကျိတ် ရှာတွေ့ ခဲ့တာပါ။  အဲဒါက လူတစ်ဦးရဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ တည်ရှိတာဖြစ်တယ်လို့ ကလဲဗားလန်းဆေးခန်းကပြောပြပါတယ်။

အဲဒီအခြေအနေကို ပျောက်ကင်းအောင်ကုသဖို့အတွက်ကြိုစားတဲ့အနေနှင့် ဆေးရုံမှာရှိတဲ့ ဆီးစွန့်အင်္ဂါပိုင်းဆိုင်ရာ ဆရာ ဝန်က  သူရဲ့လိင်အင်္ဂါကို ထိခိုက်မှုအနည်းဆုံးဖြစ်စေအောင်ဆောင်ရွက်ပေးရင်း သူ့ရဲ့အကျိတ်ကို လှီးထုတ်လို့ရသ‌လောက် လှီးထုတ်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းခဲ့ပါဘူး။

ဆက်တိုက်ချို့ယွင်းစွာဆောင်ရွက်ခဲ့တဲ့အတွက် ကင်ဆာဟာ သူ့ရဲ့ လိင်အင်္ဂါဘက်ရွှေ့ပြောင်းသွားပါတယ်လို့ နန်တေး အုပ်ချုပ်ရေးခုံရုံးကပြောပါတယ်။

အဲဒီလိုကင်ဆာရွှေ့သွာတးဲ့အတွက် သူ့မှာ အင်မတန်မှ နာကျင်တဲ့ ဒဏ်ကိုခံစားရပါတယ်။ တစ်ခါတုန်းကဆိုရင် နာကျင်လွန်းလို့ သူ့ပစ္စည်းကို သူကိုယ်တိုင်တောင် ဖြတ်ထုတ်ပစ်ဖို့ စဉ်းစားမိသေးတယ်လို့ သူက ပြောပြပါတယ်။

“ ကျွန်တော့်မိန်းမက မလုပ်ဖို့တားတယ်။ ကျွန်တော့်မှာဖြတ်တဲ့ဓားရှိတယ်။ ဘက်တဒင်း Betadine ရှိတယ်။ ကျွန်တော် ကိုယ်တိုင် ဂိုဒေါင်ထဲမှာ ပြင်ဆင်နေခဲ့တာ” လို့ သူက ပြင်သစ်အနောက်ပိုင်းဒေသလေနှင့်ပြောပါတယ်။

တစ်နှစ်တာပတ်လုံး သူ့ရဲ့ ဖိုအင်္ဂါထဲက ကင်ဆာကျိတ်ဟာ ခဏချင်းကြီးထွားလာပါတယ်။ အဲဒါကြောင့် လိုင်ယွန်မှာနေတဲ့ ဆရာဝန်တစ်ဦးက သူ့အနေနှင့် သူ့ပစ္စည်းကိုဖြတ်ထုတ်ပစ်လိုက်တာကလွဲပြီး အခြားရွေးစရာမရှိတော့ဘူးလို့ သူ့ကိုပြောပါတယ်။အဲသလိုသူအဖြတ်ခံမလား အသက်အသေခံမလားလို့ ဆရာဝန်ကပြောပါတယ်။

အဲဒါကြောင့် သူတို့က သူ့ရဲ့ပစ္စည်းကိုဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်? “ ဒါပေမယ့် သူ(ဆရာဝန်)က အားလုံးကို ဖြတ်ထုတ်ပစ်လိုက်တာခင်ဗျ” လို့ သူကပြောပါတယ်။သူက အတံအရင်းကနေဖြတ်ပစ်လိုက်ပြီး ဝှေးစေ့တွေပဲ ချန်ထားခဲ့တာ” လို့ သူကပြောပါတယ်။

“အတော့်ကို ကျွန်တော်ဝမ်းနည်းပက်လက်ဖြစ်ရတယ်။ တကယ့်ကိုရှက်မိတယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။

“ လိင်တံရဲ့ ခံစားနိုင်စွမ်းကို ဘယ်လိုအာရုံခံကိရိယာ အမျိုးမျိုးနှင့်မှ အစားထိုးလို့မရဘူးခင်ဗျ” လို့ သူကပြောပါတယ်။

လိင်အင်္ဂါတစ်ခုလုံးကို ဖြတ်တောက်ပစ်ရတဲ့အထိ ဦးတည်သွားစေတဲ့  မှားယွင်းစွာဆောင်ရွက်ခဲ့မှုတွေအတွက် နစ်နာကြေး  ယူရို ၆၁၀၀၀ (အမေရိကန်ဒေါ်လာ ၆၄၇၅၄) ကို သူ့အနေနှ၍့် အဲဒီကတည်းက ရရှိခဲ့ပါတယ်လို့ ဖရန့်ဘလူးသတင်းစာကရေးသားပါတယ်။

သူ့ရဲ့ရှေ့နေ မီဂျော့ ပါရာစတက်တစ်က ကနဦးတုန်းက ယူရိုတစ်သန်းအထိ နစ်နာကြေးနှင့်တရားစွဲဆိုခဲ့ပေမယ့် ပြင်သစ် တရားရုံးက အဲဒါကိုပယ်ချခဲ့ပါတယ်။ အဲဒါကြောင့်သူဟာ အောက်ခြေမှာ ပြန်ပြီး နစ်နာမှုအနေနှင့် အယူခံဝင်ခဲ့ပါတယ်။

“ စိတ်ပိုင်းထိခိုက်ပျက်စီးမှုဟာ တွက်ချက်လို့မရနိုင်ဘူး” လို့သူကပြောပါတယ်။

ကံကောင်းတာတစ်ခုကတော့ နှစ်ပေါင်းများစွာ အပြင်းအထန်ကုသမှုခံယူပြီးတဲ့နောက် အဲဒီအမျိုးသားရဲ့ကင်ဆာဟာ  လုံးဝကင်းစင်သွားတာပဲဖြစ်ပါတယ်။

Source: NYTIMES

#Man_awarded_$65K_after_doctor_removes_penis

#Men_health

#Strange_News