Published 2 July 2021

ဒေသတွင်းကိစ္စရပ်တွေမှာ အနောက်အုပ်စုတွေ ပါဝင်ပတ်သက်နေတာက အာဆီယံနိုင်ငံတွေရဲ့ အရည်အသွေးကို ကျဆင်းစေပြီး ဒေသတွင်းလုံခြုံရေးကိုပါ ထိပါးစေတယ်လို့ ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီးဗိုလ်ချုပ်ကြီး အလက်ဇင်းဒါးဗွီဖိုမင်က ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံကို တပ်မတော်ကာကွယ်ရေးဦီးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရောက်ရှိခဲ့တဲ့ မီဒီယာအဖွဲ့ရဲ့ အင်တာဗျူးတစ်ခုမှာ သူကအဲသလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ အမေရိကန်နိုင်ငံအနေနှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း လွတ်လပ်ခွင့်ခေါင်းစဉ်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ပင်လယ်ရေကြောင်းနှင့် လေယာဉ်ပျံသန်းနိုင်ရေး၊ လွတ်လပ်စွာ သွားလာနိုင်ရေးကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိပါတယ်။ အမှန်တကွယ်နောက်ကွယ်မှာ သူတို့လိုချင်တာက ဒေသတွင်း လှုပ်ရှားမှုတွေကို ထိန်းချုပ်ခြင်းဖြင့် စီးပွားရေးအရ အကျိုးအမြတ်များရမယ့်အပြင် ပထဝီ အနေအထားအရ စစ်ရေးမဟာဗျူဟာမြောက်တဲ့ နေရာကို ပိုင်ဆိုင်လိုခြင်းလည်းဖြစ်ပါတယ်” လို့ သူကပြောကြားခဲ့ပါတယ်။

ဒေသတွင်းမှာရှိတဲ့ နိုင်ငံအချင်းချင်း ပဋိပက္ခတွေများလာတာနှင့်အများ အဲဒီနိုင်ငံတွေအကြား ချစ်ကြည်ရင်းနှီးမှုတွေလည်း ပျက်ပြားလာစေလိမ့်မယ်လို့ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။ အမေရိကန်နှင့်မဟာမိတ်တွေဟာ အာရှပစိဖိတ်ဒေသကို စိုးမိုးနိုင်ရင် စီးပွားရေးတိုးတက်ကောင်းမွန် လာမှာဖြစ်လို့ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြတာလည်း ဖြစ်တယ်လို့ သူကပြောကြားသွားတဲ့ အကြောင်း ရုပ်သံအင်တာဗျူး ထုတ်လွှင့်သွားတာဖြစ်ပါတယ်။