Published 2 July 2021

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်လုပ်ခဲ့တဲ့ ဂျေဆင်မီလာက လူမှုကွန်ယက်မှာ လက်ဝါးကြီးအုပ်ထားတာတွေကို တိုက်ရိုက်စိန်ခေါ်ဖိုနှင့် cancel culture နှင့်တိုက်ပွဲဝင်ဖို လူမှုကွန်ယက်အက်ပလီးကေးရှင်းအသစ် GETTR ကို စတင်လွှင့်တင်လိုက်တဲ့ အကြောင်း မီဒီယာတွေက သတင်းရေးသားပါတယ်။ Cancel culture ဆိုတာ လူမှုမီဒီယာတွေပေါ်မှာ အုပ်စုလိုက် အရှက်ခွဲတဲ့ ပုံစံတစ်မျိုးကို သုံးနှုးတာဖြစ်ပါတယ်။ အဲဒီအက်ပလီကေးရှင်းဟာ ဇွန်လလယ်လောက်မှာ တိတ်တိတ်ဆိတ်ဆိတ်ကလေး သုံးနေကြတာဖြစ်ပြီး ဂူးဂဲလ်နှင့်အက်ပဲလ်တိုရဲ့ အက်ပလီကေးရှင်းကို ဆွဲယူအသုံးပြုသူ ထောင်ဂဏန်းရှိလာတယ်လို ပိုလစ်တီကိုက ပြောတယ်လိုဆိုပါတယ်။ အဲဒီပလက်ဖောင်းကို ဇူလိုင်၄ရက်နေ့မှာ တရားဝင်စတင်လွှင့်တင်မယ်လို မီလာက တွစ်တာကနေ ကြသပတေးနေ့က သတင်းပေးပြောကြားခဲ့ပါတယ်။ အက်ပဲလ်စတိုးမှာ GETTR က “ သူတိုရဲ့ထင်မြင်ချက်ကို လွတ်လပ်စွာထုတ်ဖော်လိုတဲ့ ကမ္ဘာပေါ်ရှိ လူသားတိုင်းအတ ဘက်မလိုက်သော လူမှုကွန်ယက်” လို ဖော်ပြကြေညာထားပါတယ်။ အဲဒီအက်ပလီကေးရှင်းကို အသက်၁၇နှစ်နှင့်အထက်သုံးရန်ဆိုတဲ့ M သတ်မှတ်ချက်ရထားပြီး လူ၁၁၀၀ က အတော်ပြည့်စုံတဲ့ အက်ပလီကေးရှင်း သတ်မှတ် ချက်ပေးထားပါတယ်။ သုံးသူတွေက အဲဒီအက်ပလီ ကေးရှင်းဟာ တွစ်တာနှင့် ဆင်တူတယ်လိုဆိုပါတယ်။ ဒီ GETTR မှာ ထရမ့်ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းရှိမရှိ မသိရသေးဘူးလိုလည်း သတင်းက ရေးသားထားပါတယ်။