Published 3 July 2021

လေယာဉ်အမှုထမ်းနှစ်ဦးပါတဲ့ ဘိုအင်း ၇၃၇ ကုန်တင်လေယာဉ်တစ်စီးဟာ  စက်ချို့ယွင်းမှုကြောင့် သောကြာနေ့နံနက်စော စောပိုင်းက ဟိုနိုလုလုကျွန်းအနီးရေပြင်ကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဖက်ဒရယ်လေကြောင်း အုပ်ချုပ်ရေးအဖွဲ့ကပြောကြောင်း အေအက်ဖ်ပီသတင်းအရ သိရပါတယ်။ ဒေသဆိုင်ရာ မီဒီယာတွေရဲ့သတင်းအရ လေယာဉ်မှုးတစ်ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေ အနေရှိပြီး နောက် တစ်ဦးက ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။  ထရစ်အဲခရီးစဉ်အမှတ် ၈၁၀ ဟာ ဟိုနိုလုလု ကနေ ကာဟုလွီကို ပျံသန်းရင်း စက်ချို့ယွင်းလာတာကြောင့် ဟိုနိုလုလုကို နောက်ကြောင်းလှည့်ပျံစဉ်  ရေပေါ်ကို မနက်တစ်နာရီခွဲခန့်မှာ အရေးပေါ် ဆင်းသက်လိုက်ရတာဖြစ်တယ်လို့ လေကြောင်းအုပ်ချုပ်ရေး အဖွဲ့ကပြောပါတယ်။

ရုပ်သံဗွီဒီယိုမှာဆက်ကြည့်နိုင်ပါတယ်။