#World_Health
Published 5 December 2022

 

ကိုယ်အလေးချိန်အနည်းငယ်မျှ များလာခြင်းက စိတ်ထဲထားစရာသိပ်မရှိပေမယ့် အချိန်တိုအတွင်း အများအပြားတက်လာတယ်ဆိုရင်တော့ စဉ်းစားစရာတွေရှိပါတယ်။

 

ရက်သတ္တပတ်အနည်းငယ်နဲ့ ရက်ပိုင်းအတွင်းမှာတင် ၅ ပေါင်နဲ့အထက် တက်သွားတယ်ဆိုရင်တော့ သတိပြုသင့်ပါပြီ။

 

အပြောင်းအလဲကြီးကြီးမားမား မလုပ်ဘဲနဲ့ ကိုယ်အလေးချိန်တက်လာတယ်ဆိုတာဟာ ရောဂါအကြောင်းအရာတွေကြောင့် ဖြစ်နေနိုင်ပါတယ်။

 

ကိုယ်အလေးချိန်တက်ရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းအရင်းတွေကတော့..

 

(၁) ဆားအစားများလွန်းခြင်း
ဆိုဒီယမ်အစားများတဲ့အခါ ဆိုဒီယမ်က ရေကိုဆွဲထားတာကြောင့် ခန္ဓာကိုယ်ထဲမှာ ရေများလာပြီး အလေးချိန်တက်လာပါတယ်။

 

(၂) ပိုတက်ဆီယမ်အဝင်နည်းခြင်း
ဆိုဒီယမ်နဲ့ ပြောင်းပြန်အချိုးကျနေတာက ပိုတက်ဆီယမ်ဖြစ်ပြီး ကြွက်သားနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။

 

(၃) ဆေးအသစ်သောက်ရခြင်း
အဝလွန်ရခြင်းရဲ့ ၁၅ ရာခိုင်နှုန်းလောက်က ဆေးဝါးသုံးစွဲရခြင်းကြောင့်ဖြစ်ပြီး အဓိကဆေး ၂ မျိုးကတော့ စိတ်ကျရောဂါပျောက်ဆေးနဲ့ နှလုံးရောဂါဆေးတို့ဖြစ်တဲ့အပြင် အိပ်ဆေး၊ အကိုက်အခဲပျောက်ဆေးတို့ကလည်း ကိုယ်အလေးချိန်တက်စေပါတယ်။

 

(၄) ဆီးရွှင်ဆေးသုံးရခြင်း
ကျန်းမာရေးကြောင့် ဆီးရွှင်ဆေးအသုံးပြုနေရင်းကနေ ဆေးပြောင်းခြင်း၊ ဆေးရပ်နားခြင်းတို့ပြုလုပ်တဲ့အခါ ကိုယ်ထဲမှာရေများလာပြီး ကိုယ်အလေးချိန်များလာပါတယ်။

 

(၅) မထင်မှတ်ဘဲ များများစားမိခြင်း
တစ်လနှစ်လအတွင်း ကယ်လိုရီပိုစားမိတယ်ဆိုရင် ၅ ပေါင်၊ ၁၀ ပေါင်လောက် တက်လာနိုင်ပါတယ်။

 

(၆) ကာဗိုဟိုက်ဒရိတ်ပိုစားလာခြင်း
ကာဗိုဟိုက်ဒရိတ်နည်းပါးစွာ စားခြင်းကနေ ဂျုံစပါး၊ ကစီဓာတ်တို့ ပိုစားလာခြင်းဖြင့် ကြွက်သားတွေမှာ စုပြုံလာပါတယ်။

 

(၇) လတ်တလောကိုယ်အလေးချိန်ကျခြင်း
ကိုယ်အလေးချိန်နဲ့ အဆီဓာတ်တို့က သေချာထိန်းညှိကြပြီး ကိုယ်အလေးချိန်ကျသွားတဲ့အခါ ပြန်တက်လာအောင် ဆောင်ရွက်ပါတယ်။

 

(၈) ဟော်မုန်းမမှန်ခြင်း
ဟော်မုန်းမမှန်ကန်ခြင်းဟာ အဝလွန်ရုံတင်မကဘဲ နွမ်းနယ်အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့လည်း ခံစားရတတ်ပါတယ်။

 

(၉) အခြားရောဂါအခံရှိခြင်း
နှလုံးရောဂါကြောင့် နှလုံးကကောင်းကောင်းမညှစ်နိုင်တဲ့ အခြေအနေမျိုး၊ အသည်းရောဂါရှိခြင်း၊ ဆဲလ်အပြင်ရေစိမ့်ထွက်ခြင်း အခြေအနေတို့မှာ ကိုယ်အလေးချိန်များလာတတ်ပါတယ်။

 

Source: msn
#Yangon_Media_Group