Published_4 Dec 2022

အလုပ်ထဲမှာ ပျော်ရွှင်မှုမရှိတဲ့ ဝန်ထမ်းတစ်ဦးကို ပြင်သစ်အကြံပေးကုမ္ပဏီတစ်ခုက အလုပ်မှထုတ်ပစ်လိုက်တဲ့အပေါ် ပြင်သစ်တရာရုံးက သူ့အနေနှင့် အလုပ်ထဲမှာ သူကြိုက်သလို ပျင်းခြောက်ခြောက်နေခွင့်ပြုစေလို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ပါရီအခြေစိုက် ပြင်သစ် စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီ ကျူဘစ်ပါတနာ ဟာ မစ္စတာတီ(အမည်ရင်းမဟုတ်)လို့အမည်ပေးထားတဲ့ အဲဒီဝန်ထမ်းကို သူဟာ အလုပ်လုပ်ရခက်ခဲသူ၊ နားထောင်မှုညံ့ဖျင်းသူဖြစ်ပြီး ပျင်းခြောက်ခြောက်နေသူဖြစ်တယ်လို့ စောဒကတက်ခဲ့ပါတယ်။ သူဟာ ကုမ္ပဏီရဲ့ အသင်းအဖွဲ့တည်ဆောက်ခြင်းအစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အလုပ်ချိန်ပြီးတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေနှင့် အပြင်ထွက်သွားလာခြင်း ၊ သူတို့နှင့်အတူ အရက်ကို အလွန်အကျွံသောက်ခိုင်းခြင်းစတဲ့ အစီအစဉ်မှာလည်း ပါဝင်ခဲ့ခြင်းမရှိဘူးလို့ ကုမ္ပဏီက ပြောပါတယ်။

ကျူဘစ်ပါတနာက ပရော်ဖက်ရှင်နယ်မပြည့်ဝတဲ့အတွက်ဆိုကာ သူ့ကို အလုပ်မှထုတ်ပစ်လိုက်ပြီးတဲ့နောက် မစ္စတာ တီဟာ အဆိုပါကိစ္စကို တရားရုံးတက်ခဲ့ပါတယ်။ ဝန်ထမ်းတစ်ဦးကို ပျင်းခြောက်ခြောက်နေလို့ အလုပ်ကနေထုတ် ပစ်တယ်ဆိုတာ ဥပဒေနှင့်မညီဘူးလို့ သူက စောဒကတက်ပါတယ်။  အဲဒီအမှုမှာ တရားရုံးမှာ နှစ်များစွာကြာပြီး တဲ့နောက်  ယခု တရားရုံးက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားဘက်ကို အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

အကြံပေးကုမ္ပဏီဟာ လူတစ်ဦးကို ဆီမီနာတွေ အတင်းတက်ခိုင်းတာ၊ ရုံးပိတ်ရက်အပြင်ထွက်ပြီး အရက်တွေအတူ အလွန်အကျွံ အတင်းသောက်ခိုင်းတာတွေ လုပ်ပိုင်ခွင့်မရှိဘူးလို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာဖော်ပြထားပါတယ်။

ကျူဘစ်ပါတနာဟာ ဆီမီနာအတွင်း လုပ်ဖောက်ကိုင်ဖက်တစ်ဦးနှင့်တစ်အိပ်ရာထဲအိပ်ခိုင်းတာမျိုး၊ နာမည်ပြောင်ပေးတာမျိုးစတာတွေလုပ်တာဟာလည်း ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တွေကို စော်ကားမော်ကားလုပ်တာတွေဖြစ်တယ်လို့ တရားရုံးကပြောပါတယ်။

ပါတီပွဲတွေကို မစ္စတာတီအနေနှင့် ငြင်းဆိုခွင့်ရှိတယ်လို့ ဆုံးဖြတ်တဲ့အပြင် တရားရုံးက မစ္စတာတီကို ဒေါ်လာ ၃၀၀၀ နစ်နာကြေးပေးဖို့ပါအမိန့်ချခဲ့ရာမှာ သူကနောက်ထပ် အပိုဒေါ်လာ၄၇၃,၀၀၀ ထပ်တောင်းခဲ့ပါတယ်။ အဲဒီအတွက် တရားရုံးက ဆက်ပြီးကြားနာရဦးမှာဖြစ်ပါတယ်။

Source: NYPost

#Boring_Employee_Win_in_Court_Favour

#Mr_T

#France_Workplace