#World_Health
Published 5 December 2022

 

အနာဂတ်မှာ စိုက်ပျိုးရေးခြံထဲရှိ နွားများကို စက်ကိရိယာများတပ်ဆင်ပေးပြီး အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း လေ့လာချက်မှာ ဖော်ပြထားပါတယ်။

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂျောင်တောင်တက္ကသိုလ်မှ သုတေသီများဟာ နွားတွေရဲ့ ကျန်းမာရေး၊ မျိုးပွားနိုင်စွမ်း၊ တည်နေရာတွေကို စောင့်ကြည့်နိုင်မယ့် စမတ်နာရီကို တီထွင်လိုက်ပါတယ်။

 

ကျွဲနွားများရဲ့ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်ခြင်းဖြင့် ရောဂါများကိုကာကွယ်နိုင်ပြီး စားကျက်မွေးမြူခြင်းနဲ့ စီမံခန့်ခွဲနိုင်စွမ်းတို့ကို တိုးတက်စေတယ်လို့ စာတမ်းပြုစုသူ'ဇူတောင်ကျောင်'က ဆိုပါတယ်။

 

နွားတွေပေါ်မှာ အရေးကြီးအချက်အလက်ရယူနိုင်မယ့် စက်ကိရိယာကို အဖွဲ့က ထုတ်လုပ်ဖို့ ကြိုးစားနေကြပါတယ်။

 

ရရှိမယ့်အချက်အလက်တွေထဲမှာ အောက်ဆီဂျင်ပမာဏ၊ လေအပူချိန်နဲ့ စိုထိုင်းဆ၊ လေ့ကျင့်မှုအတိုင်းအဆ၊ မျိုးပွားခြင်းရာသီ၊ ရောဂါများ၊ နို့ထုတ်လုပ်ခြင်းစတဲ့ အကြောင်းအရာများ ပါဝင်ကြောင်း မစ္စတာ'ကျန်'က ရှင်းပြခဲ့ပါတယ်။

 

ကိရိယာတွေကို နွားရဲ့လည်ပင်းနဲ့ ခြေကျင်းဝတ်တို့မှာ တပ်ဆင်နိုင်မှာဖြစ်ပါတယ်။
နွားတွေရဲ့ရွေ့လျားမှုစွမ်းအင်ကို လီသီယမ်ဘတ်ထရီမှာ သိမ်းဆည်းကာ စက်ပစ္စည်းကို အားပေးနိုင်မှာဖြစ်ပါတယ်။

 

ဒါကြောင့် သာမန်စမတ်နာရီတွေလို အားသွင်းပေးစရာမလိုပါဘူး။
စမ်းသပ်ဖို့အတွက် လူသားတွေကို သုတေသီများက စမ်းသပ်ခဲ့ကြပါတယ်။
လေတိုက်ရင်း သစ်ရွက်ကြွေခြင်း၊ လူတွေ တိရိစ္ဆာန်တွေ သွားလာလှုပ်ရှားခြင်း၊ ကမ္ဘာလည်ပတ်ခြင်းတို့အားလုံးမှာ အရွေ့စွမ်းအင်ရှိကြောင်း၊ ဒီစွမ်းအင်တွေကို အလဟဿအဖြစ်မခံနိုင်ကြောင်း ဆိုပါတယ်။
ထိုကိစ္စအပြင် နောင်အခါ ခြံထဲကနွားတွေကို ရေညှိကျွေးလို့ ရလာနိုင်ပါတယ်လို့လည်း ဆိုပါတယ်။

 

ကျွဲနွားတွေမှ ထုတ်လွှတ်လိုက်တဲ့ စွန့်ပစ်ဓာတ်ငွေ့တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထွက်ရှိမှုရဲ့ တဝက်နီးပါးမျှရှိနေကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ရှင်းပြခဲ့ပါတယ်။

 

Source: Daily Mail.
#Yangon_Media_Group