Published 20 Nov 2022

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အနောက်ပိုင်းနှင့်မြောက်ပိုင်းတစ်လျောက်မှာ အချိန်ကြာမြင့်လှတဲ့ နှင်းမုန်တိုင်းကြီးတစ်ခု စနေနေ့က တိုက်ခတ်သွားတဲ့အတွက်  ဘတ်ဖဲလိုးမြို့မှာ နှင်းထုတွေ အောက် ကျရောက် သွားရပါတယ်။

သမိုင်းဝင်လောက်အောင်ကြီးမားတဲ့ နှင်းမုန်တိုင်းကြီးကြောင့် အချို့နေရာတွေမှာဆိုရင် နှင်းတွေဟာ ၆ပေကျော်အမြင့်အထိ ဖုံးအုပ်သွားခဲ့ပြီး လမ်းတွေပိတ်သွားပါတယ်။ ကားတွေနှင့် လေယာဉ်တွေ မောင်းနှင်ပျံသန်းမှုတွေ ရပ်နားပစ်လိုက်ရပါတယ်။

“ကျွန်မတိုဘာတတ်နိုင်မှာလဲ,,ဒါဟာ သဘာဝမိခင်ကြီးပဲလေ” လို့ နှင်းမုန်တိုင်းကျပြီးတဲ့နောက် နှင်းတွေကိုရှင်းလင်း ရေးလုပ်နေတဲ့ ဘတ်ဖဲလိုဒေသခံတစ်ဦးဖြစ်တဲ့ ဆီဗီယာရီဗာယာက ပြောပါတယ်။

အဲဒီနှင်းမုန်တိုင်းကြောင့် နှင်းတွေကိုကြိုးစားရှင်းနေတဲ့ ဒေသခံနှစ်ဦးဟာ နှလုံးဖောက်ပြီးသေဆုံးသွားရတယ်လို့ အီရီ စီရင်စု အရာရှိ မတ်ခ် ပိုလွန်ကတ်ဇ်က ပြောပါတယ်။

နှင်းတွေကျတာဟာ သူ့မြို့အတွက် အထူးအဆန်းမဟုတ်ပေမယ့် ဒီတစ်ခါကတော့ အရင်ကျတာတွေထက် အတော့်ကို များလွန်းတယ်လို့လည်း ဘတ်ဖဲလို မြို့တော်ဝန် ဘိုင်ရွန်ဘရောင်းက စီအင်န်အင်န်သတင်းဌာနကိုပြောပါတယ်။

တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့လောက်ရောက်မှ မြို့ကပုံမှန်ပြန်ဖြစ်နိုင်တယ်လို့လည်း သူကပြောပါတယ်။

Source: AFP(Video)/CNN

 

#Buffalo_U.S

#Historic_Snow_Storm_US

#New_York_Snow_Storm