Published 20 Nov 2022

ဟမ်ဟာ ခရိုအေးရှားနိုင်ငံ အစ်စထရီးယားဒေသမှာတည်ရှိတဲ့ တော်ပေါ်က မျက်စေ့ပသာဒဖြစ်စေတဲ့‌ နေရာကလေး တစ်ခုဖြစ်ပြီး ကမ္ဘာ့အသေးဆုံးမြို့ကလေးအဖြစ် ထင်ရှားပါတယ်။

အစ်စထရီးယားရဲ့ အလယ်ပိုင်းမှာတည်ရှိတဲ့ ဟမ်မြို့ဟာ ခရိုအေးရှား မြို့တော်ဇီဂရက်ကနေ ကားနှင့်သွားရင် ၂နာရီခွဲလောက် မောင်းရပါတယ်။အလယ်ခေတ်ကတည်းက တည်ရှိခဲ့တဲ့ အဲဒီတောင်ပေါမြို့ကလေးမှာ လူဦးရေက ၂၀နှင့် ၃၀ဦးအကြားရှိပါတယ်။ ၂၀၁၁ သန်းခေါင်းစာရင်းအရ ၂၁ ဦးရှိရာကနေ ၂၀၂၁မှာ ၂၇ ဦးအထိရှိလာပါတယ်။

သမိုင်းဆိုင်ရာ အထောက်အထားများအရ ၁၁၀၂ခုနှစ်တုန်းက ဟမ်းကို Cholm (ခုန်)လို့ အမည်ပေးခဲ့တာပါ။ မြို့ကလေးရဲ့ကာကွယ်ရေးအတွက် ခေါင်းလောင်းနှင့်နာရီစင်တစ်ခုကို ၁၅၅၂ ခုနှစ်က တည်ဆောက်ပေးခဲ့ပါတယ်။ အဲဒီနောက် အစောင့်တွေနှင့် သူတို့မိသားစုတွေကို မြို့ကို စတင်ဝင်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရာစုနှစ် များစွာဖြတ်သန်းလာခဲ့ပေမယ့် မြို့ကလေးဟာ တိုးတက်ဖွံ့ဖြိုးလာခြင်းမရှိပါဘူး။ အခုထက်ထိ မြို့ကလေးမှာ အလယ်ခေတ်က အိမ်တန်း (၃)တန်းနှင့် လမ်း(၂)လမ်းပဲရှိပါသေးတယ်။

ဟမ်ဟာ အလျား ၁၀၀မီတာနှင့် အနံ ၃၀မီတာသာ ကျယ်ဝန်းပါတယ်။ ဟမ်ကို ဘာကြောင့် ကမ္ဘာ့အသေးဆုံးမြို့ကလေး အဖြစ်သတ်မှတ်တယ်ဆိုတာ မြင်တာနှင့်ပဲသိသာပါတယ်။ ဒါပေမယ့် ဟမ်ကို ဘာကြောင့် ရွာလို့ မသတ်မှတ်ခဲ့သလဲဆိုတာတော့ သိပ်မသိကြပါဘူး။တကယ်ဆိုရင် ဟမ်ဟာ ရွာတွေထက်တောင်သေးငယ်ပါသေးတယ်။ လက်ချိုးရေလို့ရတဲ့ အိမ်တွေ တန်းစီဆောက်ထားတဲ့မြို့ကလေးပါ။

ကမ္ဘာ့အသေးဆုံးမြို့အဖြစ် ဟမ်ကိုသိကြတဲ့အတွက် ဒီကနေ့မှာ ဒေသခံတွေအတွက် ခရီးသွားကရတဲ့ ဝင်ငွေဟာ စိုက်ပျိုးရေးလုပ်ငန်းကရတဲ့ဝင်ငွေနှင့်အတူ အဓိက ဝင်ငွေနှစ်ခုအဖြစ် ရရှိနေတာပါ။နေရာကေလးက ကျဉ်းကျဉ်လေးမို့ ဟမ်မြို့ကလေးမှာ  ဘာမှကြည့်စရာ များများစားစားမရှိလှပါဘူး။ ဒါပေမယ့် ဒေသခံတွေကတော့ အကောင်းဆုံးလုပ်ပေးနေပါတယ်။ဧည့်သည်တွေဟာ ကျောက်ခင်းလမ်းနှစ်လမ်းမှာ လမ်းလျှောက်၊ပြီးတော့ အလယ်ခေတ် လက်ရာအဆောက်အဦတွေကို ချီးမွမ်းကြ၊ရုပ်ရှင်ရိုက်ကြ ..ဒါလောက်ပါပဲ။

အလယ်ခေတ်က မြို့ကလေးကို ဓားပြတွေရန်ကကာကွယ်ဖို့ဆိုပြီး  ကျောက်တုံးနံရံတွေနှင့်စည်းရိုးခတ်ထားပါတယ်။ ဒီခြံစည်းရိုးကနေ မြို့ကလေးကလည်း ထပ်မံကြီးထွားလာစရာမရှိပါဘူး။ အိမ်သစ်တွေလည်း ထပ်ဆောက်ခဲ့ပုံမရဘူးလို့ ရောက်ဖူးတဲ့တစ်ဦးကပြောပါတယ်။

Source: gujaratimidday

#Hum_Town_Croatia

#World_Smallest_town

#Central_Istria_Croatia