Published 20 Nov 2022

✅ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ တွစ်တာ အကောင့်ကို ဘီလျံနာအီလွန်မတ်ခ်ပိုင်ဆိုင်သွားတဲ့ ဆိုရှယ်မီဒီယာ တွစ်တာကုမ္ပဏီကနေ  ပြန်အသုံးပြုခွင့်ပေးလိုက်

✅ မတ်စ်ခ်က သောကြနေ့နှင့်စနေနေ့တုန်းက  တွစ်တာအသုံးပြုသူတွေကို “ ထရမ့်ကို တွစ်တာအကောင့်ပြန်ပေးသင့် မသင့်” မဲပေးခိုင်းခဲ့

✅ အဲဒီအခါ “ထရမ့်ကို တွစ်တာအကောင့်ပြန်ပေး” ဖို့ မဲတွေက နှာတစ်ဖျားနှင့် အသာရသွားပြီးနောက် “ ထရမ့်ကို ပြန်ပေးဖို့ လူတွေက အသံထွက်ခဲ့ပြီ” လို့ မတ်ခ်က တွစ်တာတွင်ပို့စ်ရေးခဲ့

✅ ထရမ့်ကိုထောက်ခံသူတွေက အမေရိကန်ကပ္ပီတိုလ်အဆောက်အအုံကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ(၆)ရက်က ချင်းနင်းဝင်ရောက်ပြီးနောက် တွစ်တာက ထရမ့်အကောင့်ကို ပထမဆုံးပိတ်ခဲ့

✅ အဲဒီနောက် အခြား ဖေ့စ်ဘုတ်ခ်၊အင်စတာဂရမ်၊ယူကျု၊စနက်ပ်ရှော့၊တွစ်ချ်နှင့်အခြား အင်တာနက် ကုမ္ပဏီတွေက လည်း ထရမ့်အကောင့်တွေကိုပိတ်

✅ ထရမ့်ဟာ တွစ်တာအပေါ်မှာ ၂၀၂၁ ဇန်နဝါရီ (၈)ရက်မှာ နောက်ဆုံးပို့တင်ခဲ့

✅ တွစ်တာကိုပြန်လာမလားလို့ မေးတဲ့အခါ ထရမ့်က “ အဲဒီအတွက် ကျွန်တော့်မှာ အကြောင်းပြချက်မတွေ့ဘူး” လို့ ပြန်ဖြေပြီး သူ့အနေနှင့်သူ့ရဲ့ကိုယ်ပိုင်  Truth Social. ပလက်ဖောင်းကိုဆက်သုံးနေမှာဖြစ်တယ်လို့ပြော

Source: AP, Reuters

#Twiite_Resume_Trump’s_Account

#Trump_Twitter

#Elon_Musk_Twitter