Published 7 Nov 2022

►ဖေ့စ်ဘုတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ပလက်ဖောင်းဟာ ဒီတစ်ပတ်ထဲမှာ ဝန်ထမ်းတွေ အကြီးအကျယ်လျှော့ချဖို့ရှိလို့ ဝန်ထမ်း ထောင်ပေါင်းများစွာထိခိုက်နိုင်ဟု ဝေါစထရိဂျာနယ်ကရေးသား

►အဲဒီကြေညာချက်ကို ဗုဒ္ဓဟူးနေ့မှာ ခပ်စောစောကြေညာဖို့ စီစဉ်နေတယ်လို့ အတွင်းသိတစ်ဦးက ဝေါစထရိကို သတင်းပေး

►ဖေ့စ်ဘုတ်ခ်ဟာ ပြီးခဲ့တဲ့နှစ်က တန်ဖိုး ဒေါ်လာ (၁)ထရီလီယံဝက်ကျော် (ဒေါ်လာ ၅၀၀ဘီလျံကျော်) ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

►Meta ဟာ ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုနှင့် ရင်ဆိုင်ရတာရယ်၊ တစ်တော့ခ် TikTok နှင့် ပြိုင်ဆိုင်မှုတွေကြောင့် စီးပွားရေး ရလာဒ်တွေဟာ စိတ်ပျက်စရာဖြစ်နေခဲ့ရ

►Metaverse ရင်းနှီးမြှပ်နှံမှုကနေ အကျိုးအမြတ်ဖြစ်ထွန်းဖို့က နောက်ထပ် ဆယ်နှစ်စောင့်ရမှာဖြစ်တယ်လို့ အမှုဆောင် ချုပ် မတ်ခ် ဇူကာဘတ်က ပြော

►ဇွန်လက ဖေ့စ်ဘုတ်ခ်ဟာ အင်ဂျင်နီယာတွေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလျှော့ချဖို့ စီစဉ်ခဲ့ပြီး  စီးပွားရေးအကျမှာ တောင့်ထားကြဖို့ သူ့ဝန်ထမ်းတွေကို ဇူကာဘတ်က ပြောခဲ့

►မိုက်ခရိုဆော့၊ တွစ်တာနှင့် Snap ဆနက်ပ်တို့အပါအဝင် နည်းပညာကုမ္ပဏီတော်တော်များမျာဟာ အတိုးနှုန်းမြင့်မားလာမှု၊ ငွေကြေးဖောင်းပွမှုတွေနှင့် ဥရောပ လောင်စာအကျပ်အတည်းတွေကြောင့် ဖြစ်ရတဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုတွေ ကြောင့်  ဝန်ထမ်းတွေ လျှော့ချနေရပြီး အလုပ်တွေဖြုတ်ပစ်နေရ

Source Reuters

#Facebook

#Meta_Platforms_cut_jobs

#Facebook_business