Published 15 Oct 2022

မလေးရှားနိုင်ငံက တင်သွင်းတဲ့ ကြက်ဥအချို့မှာ ဆယ်မွန်နီလာ ဘက်တီးရီးယားပိုးတွေတွေ့တဲ့အတွက် ပြန်လည်သိမ်းဆည်းနေတယ်လို့ စင်္ကာပူအစားအစာ အေဂျင်စီကပြောတဲ့အကြောင်း Channel News Asia ကသတင်းပေးပို့ပါတယ်။

အဲဒီကြက်ဥတွေဟာ မလေးရှားနိုင်ငံ Teo Seng Layer Farm 1က တင်သွင်းခဲ့တာတွေဖြစ်ပြီး ဆယ်မွန်နီလာ အင်တာရီတီဒစ် Salmonella Enteritidis တွေ့ရှိထားတဲ့ ကြက်ဥတွေကို CEJ027 တံဆိပ်ရိုက်နှိပ်ပေးထားပါတယ်။

သွင်းကုန်လုပ်ငန်းခြောက်ခုစလုံးကို အဲဒီမသန့်ရှင်းတဲ့ကြက်ဥတွေပြန်သိမ်းဆည်းဖို့ အေဂျင်စီက ညွှန်ကြားထားပါတယ်။

မွေးမြူရေးခြံ သင်္ကေတအမှတ် CEJ027 ပါဝင်တဲ့ ကြက်ဥတွေသာ သိမ်းဆည်းခိုင်းတာဖြစ်ပြီး ကျန်ကြက်ဥတွေက  သက်ရောက်မှုမရှိဘူးလို့လည်း အေဂျင်စီကပြောပါတယ်။

ဆယ်မွန်နီလာ အင်တာရီတီဒစ်ဟာ အပူနှင့်တွေ့လျှင် ပျက်စီးသွားတဲ့အတွက် သေသေချာချာချက်ပြုတ်စားသောက်ရင် အန္တရာယ်မရှိပါဘူး။ ဒါပေမယ့်ကြက်ဥအစိမ်းနှင့် သေသေချာချာချက်ပြုတ်မထားတဲ့ကြက်ဥတွေမှာတော့ ဆက်ရှိနိုင်ပါတယ်။ အဲဒါကိုစားသုံးမိရင် အစာအဆိပ်သင့်တာဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျောတာ၊ ဗိုက်အောင့်တာ၊ဖျားနာ အော့အန်တာ၊မအီမသာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

Source: Channel News Asia

#Salmonella_ Enteritidis

#eggs_recall

#Singapore_FSA