#World_Health
Published 15 October 2022

 

ဗီဒီယိုဂိမ်းကစားခြင်းက ရောဂါဖြစ်နိုင်ချေရှိတဲ့ ကလေးတွေမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည်အထိ နှလုံးခုန်မမှန်ခြင်းမျိုး ဖြစ်ပေါ်နိုင်ကြောင်း ဆေးပညာဂျာနယ် Heart Rhythm မှာ သုတေသနဖော်ပြချက်ကို တင်ပြထားပါတယ်။

 

ဒီကလေးတွေက နှလုံးခုန်မမှန်တဲ့ရောဂါရှိနေမှန်း မသိကြပါဘူး။

 

ဂိမ်းကစားနေရင်း ရုတ်တရက်သတိလစ်သွားခဲ့တဲ့ ဖြစ်ရပ်တွေကို သုတေသီများက ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။

 

သတိလစ်သွားခဲ့တဲ့ကလေး ၂၂ ယောက်အဖြစ်ကို ရှာတွေ့ခဲ့ရာမှာ ၆ ယောက်က နှလုံးရပ်ခြင်းခံစားခဲ့ကြပြီး ၄ ဦးသေဆုံးခဲ့ပါတယ်။

 

သုတေသီတွေကတော့ ဒါဟာ ဂိမ်းကစားခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ လွန်လွန်ကဲကဲဖြစ်ရတာကြောင့်လို့ ရှင်းပြခဲ့ပါတယ်။

 

"အချို့ကလေးတွေက ယှဉ်ပြိုင်ရတဲ့ဂိမ်းမျိုးဆော့တဲ့အခါ နှလုံးရောဂါအခြေအနေဖြစ်ပေါ်နိုင်တာကို သိပြီးဖြစ်ပေမယ့် အချို့ကတော့ ဂိမ်းကစားစဉ်အတွင်း အသက်အန္တရာယ်ရှိလောက်အောင် သတိမေ့လဲသွားတာမျိုး အံ့အားသင့်ဖွယ်တွေ့ရှိရပါတယ်" လို့ သုတေသီတစ်ဦးဖြစ်သူ'ခရစ်ရှန်တာနာ'က ဆိုပါတယ်။

 

"ဒါဟာ အရေးကြီးတဲ့ တွေ့ရှိချက်ဖြစ်ပြီး ဒီလိုအနေအထားမျိုးမှာ သတိမေ့လဲတာမျိုး ဖြစ်တယ်ဆိုရင် စစ်ဆေးမှုလုပ်သင့်ပါပြီ" လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဒီဖြစ်ရပ်ဟာ ပုံမှန်မဟုတ်တာကြောင့် အနာဂတ်မှာလည်း ပိုမိုဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

 

"နှလုံးခုန်မမှန်တဲ့ ကလေးတွေကိုလေ့လာရာမှာ ၂၅ ကျော်တိုင်အောင် လေ့လာခဲ့ပြီးနောက် ဒီအခြေအနေက ဘယ်လောက်ဆိုးရွားလာသလဲဆိုတာနဲ့ အသက်သေဆုံးတဲ့အထိ ဖြစ်တာကိုတော့ အံ့ဩမိပါတယ်" လို့ သုတေသီ'ဂျိုနသန်စကင်နာ'က ပြောပြပါတယ်။

 

ဒီဖြစ်ရပ်ကို ကမ္ဘာပေါ်ကလူအားလုံး သိရှိစေရန်နဲ့ ကလေးတွေကို ကာကွယ်ရမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group