Published 6 Oct 2022

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုက နေ့ကလေးထိန်းစင်တာတစ်ခုမှာ အောက်တိုဘာ ၆ရက် ကြာသပတေးနေ့က အစုလိုက်အပြုံလိုက် သေနတ်ပစ်ခံခဲ့ရတဲ့အတွက် အနည်းဆုံး လူ၃၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရသူက ပြောပါတယ်။ အဆိုပါသေနတ်ပစ်မှုဖြစ်ပွားတဲ့နေရဟာ နောင်ဘွာလမ်ပူပြည်နယ် ယူထိုင်းဆာဝန် နာကလန်း ခရိုင်မှာဖြစ်ပါတယ်။ အသတ်ခံရသူတွေအထဲမှာ ကလေးငယ်တွေနှင့် လူကြီးတွေပါဝင်တယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေနတ်သမားမှာ ရဲအရာရှိဟောင်းတစ်ဦးဖြစ်ပြီး သူ့ကို ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေတယ်လို့ပြောပါတယ်။ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ကြဖို့နှင့် လက်သည်တရားခံကို ဖမ်းမိရေးဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ်က အေဂျင်စီတွေအားလုံးကို တပ်လှန့်ထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရသူကပြောပါတယ်။ ထိုင်းနိုင်ငံမှာ သေနတ်ပိုင်ဆိုင်သူတွေဟာ အခြားဒေသတွင်းနိုင်ငံတွေနှင့် ယှဉ်ရင် သိသိသာသာမြင့်မားပါတယ်။ ဒါပေမယ့် အဲဒီစာရင်းတွေထဲမှာ အင်မတန်များပြားလှတဲ့ တရားမဝင်လက်နက်တွေ မပါဝင်သေးပါဘူး။ အဲဒီတရား မဝင်လက်နက်တွေဟာ နယ်စပ်တွေကတစ်ဆင့် စိမ့်ဝင်နေကြပါတယ်လို့ ရိုက်တာကရေးပါတယ်။ ထိုင်းနိုင်ငံမှာ အစုလိုက်အပြုံလိုက်သေနတ်ပစ်ခံရတဲ့ကိစ္စက ရှားပါးကိစ္စပါ။ ဒါပေမယ့် ၂၀၂၀ မှာ စိတ်ဆိုးနေတဲ့ စစ်သားတစ်ဦးဟာ နေရာလေးနေရာမှာ သေနတ်နှင့်ပစ်ခတ်လို့ အနည်းဆုံး လူ၂၉ဦးကိုသတ်ပစ်ခဲ့ပြီး ၅၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ Source Reuters #Thailand #Thailand_Mass_shooting #Thailand