Published 6 Oct 2022

ထိုင်းနိုင်ငံမှာ ရဲအရာရှိဟောင်းတစ်ဦးဟာ ကြာသပတေးနေ့က နေ့ကလေးထိန်းဌာနတစ်ခုကို သေနတ်တစ်လက်၊ဒါးတစ်ချောင်းနှင့် ဝင်ရောက်တိုက်ခိုက်ရာ ကလေးငယ် အနည်းဆုံး ၂၄ဦးနှင့် လူကြီး ၁၁ဦးသေဆုံးသွားခဲ့ရပါတယ်။(သတင်းဖော်ပြပြီး)။ အဲဒီရဲအရာရှိဟောင်းဟာ အခင်းဖြစ်ပွားရာနေရာကနေ ကားနှင့် ထွက်ပြေးသွားပြီး အိမ်အပြန် ကားပေါ်ကနေလည်း ပစ်ခတ်သွားပါတယ်။ အဲဒီနောက် သူ့ဇနီးနှင့် သူ့သားကို အိမ်မှာ ပစ်သတ်ပြီးနောက် သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။

အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗွီဒီယိုတွေနှင့် ဓာတ်ပုံတွေထဲမှာ သွေးတွေပေကျံနေတဲ့ အခန်းတစ်ခန်းနှင့် ပြန့်ကျဲနေတဲ့ ဖျာတွေကိုတွေ့ရပါတယ်။

ဗွီဒီယိုတွေထဲမှာလည်း ကလေးထိန်းဌာနအပြင်ဘက်မှာ အော်ဟစ်ငိုကြွေးနေကြတဲ့ မိသားစုတွေကိုတွေ့ရပြီး ရဲတွေနှင့် ဆေးဘက်ဝန်ထမ်းတွေက အနားတစ်ဝိုက်အလုပ်များနေပြီး အရေးပေါ်လူနာတင်ယာဉ်က အဆင်သင့်ရပ်ထားတာတွေ့ရပါတယ်။

အဲဒီရန်ပြုသူဟာ ရဲအရာရှိဟောင်းတစ်ဦးလို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။ သူဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နောင်ဘွာလမ်ပူပြည်နယ်က မြို့ကလေးတစ်မြို့မှာရှိတဲ့ ကလေးထိန်းဌာနထဲ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက်လာခဲ့ပါတယ်။

သူဟာ အဆောက်အဦထဲကထွက်မပြေးခင် အဆောက်အဦထဲက ကလေးငယ် ၂၂ ဦးနှင့်လူကြီးနှစ်ဦးတို့ အသတ်ခံရပြီး သေဆုံးခဲ့ပါတယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒါပေမယ့် သူဟာ ကားထဲကနေ ဆက်လက်ပြီး ပစ်ခတ် ခဲ့သေးတယ်လို့ ရဲမှူးချုပ် ပိုင်းဆဲလ် လူဆွမ်ဘွန်းက အေပီသတင်းဌာနကိုပြောပါတယ်။

သူဟာ အိမ်ရောက်တဲ့အခါ သူ့ဇနီးနှင့် သူ့ကလေးကိုပစ်သတ်ခဲ့တယ်။ အဲဒီနောက်ကိုယ့်ကိုကိုယ်ပစ်သတ်ခဲ့တယ်လို့ ရဲကပြောပါတယ်။

သူဟာ နောက်ထပ်ကလေးနှစ်ဦးနှင့် လူကြီး ၉ ဦးကို ကလေးထိန်းဌာနအပြင်ဘက်မှာ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ သေနတ်နှင့်ဆက်စပ်တဲ့ သေမှုသေခင်းတွေဟာ အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံတွေထက် နည်းပါးပါတယ်။ ဒါပေမယ့် သေနတ်ဥပဒေတင်းကြပ်တဲ့ စင်္ကာပူနှင့် ဂျပန်တို့ထက်တော့ များနေပါတယ်။  ၂၀၁၉ခုနှစ်စာရင်းဇယားများအရ သေနတ်ပစ်ခတ်သေဆုံးမှုဟာ လူတစ်သိန်းမှာ လေးဦးနှုန်းရှိခဲ့ပါတယ်။ အမေရိကန်မှာတော့ လူတစ်သိန်းမှာ ၁၁ ဦးနှုန်းရှိပြီး ဘရာဇီးမှာတော့ လူတစ်သိန်းမှာ ၂၃ ဦးနှုန်းရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ဘန်ကောက်မှာရှိတဲ့ ထိုင်းစစ်တပ် စစ်ကောလိပ်က တစ်ဦးဟာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့်  လူနစ်ဦှးကိုသတ်ပစ်ခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၀ပြည့်နှစ်တုန်းက အရှေ့မြောက်ဘက်မြို့တစ်မြိုက ဈေးဝယ်စင်တာအနီးဝန်းကျင်မှာ စစ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့လို့ လူ၂၉ ဦးသေဆုံးခဲ့ပါတယ်။

Source AP

#Thailand

#Thailand_Gun_mass_shooting

#Gun_Laws