Published  18 Sept 2022

နယူးယောက်မှာရှိတဲ့ မိသားစုတစ်စုရဲ့ လုံခြုံရေးကင်မရာက အိမ်ကနေ ပျောက်သွားတဲ့ သူတို့ရဲ့ကြောင်ကလေး အိမ်ပြန် ရောက်လာပြီး အိမ်ထဲဝင်ချင်လို့ တံခါးဘဲလ်ကို နှိပ်တဲ့ ဗွီဒီယိုကို ရိုက်ကူးမှတ်တမ်းတင်လိုက်နိုင်ခဲ့ကြပါတယ်။

စတက်ဖန်နီဝှိုက်လေက သူမမိသားစုရဲ့ (၈)နှစ်အရွယ် ကြောင်မလေး လီလီဟာ Long Island ၊ မစ်စတစ် ကမ်းခြေက သူတို့အိမ်သစ်ကလေးကိုပြောင်းပြီးနှစ်ပတ်ခန့်အကြာ တစ်ညမှာ အိမ်ပြန်မလာဘဲ ပျောက်သွားတာလို့ ပြောပါတယ်။

“ပုံမှန်အားဖြင့် သူအိမ်ပြန်လာတတ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ အရင်နှင့်မတူဘူး။ လီလီတော့ အိမ်ပြန်မလာတော့ဘူး လို့ ကျွန်မကထင်လိုက်မိတယ်” လို့ ဝှိုက်လေက WPIX_TVကို ပြောပါတယ်။

ဝှိုက်လေရဲ့စိုးရိမ်သောကဟာ လေးရက်တိုင်ကြာခဲ့ပါတယ်။ လေးရက်မြောက်နေ့မှာတော့ သူမရဲ့ တံခါးဘဲလ်ကင်မရာက လီလီ အိမ်ရှေ့ဆင်ဝင်ကို လျှောက်လာပြီး တံခါးဘဲလ်ကို ခုန်ပြီးနှိပ်လိုက်တာကို ဗွီဒီယိုရိုက်ကူးနိုင်ခဲ့ပါတယ်။(ဗွီဒီယိုကိုကြည့်)

“ ကျွန်မတို့  အသက်ရှုတောင်မှားမလိုဖြစ်သွားတယ်။ ပြီးတော့ရယ်မိကြတယ်။ စိတ်အတော်လှုပ်ရှားရတာပဲ။ ကျွန်မတို့ငိုလိုက် ကြတယ်။ တကယ့်အမှတ်တရအချိန်ပဲ” လို့ သူမကပြောပါတယ်။

တံခါးဘဲလ် သူမ တီးတာကို လီလီက မှတ်ထားပုံရတယ်လို့ ဝှိုက်လေကပြောပါတယ်။

“လီလီက စမတ်ဖြစ်တဲ့ကြောင်မလေးပါ” လို့ သူမကမှတ်ချက်ပေးပါတယ်။

ရုပ်သံကြည့်ရန်

https://t.me/yangonmediagroup/12074

Source: UPI

#Smart_Cat

#A_cat_rang_a_doorbell

#Strange_News