Published 18 Sept 2022

ဂူးဂဲလ်Google က ဒေါ်လာ နှစ်သိန်းခွဲကို ဝေခွဲမရဖြစ်သွားသည့် ဆိုက်ဘာလုံခြုံရေးပညာရှင်တစ်ဦးထံ မှားယွင်းစွာ ပေးချေခဲ့ခြင်းမှာ လူသား၏ အမှားကြောင့်သာဖြစ်တယ်လို့ ဂူးဂဲလ်ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ယူဂါလက်ဗ် Yuga Labs မှာအလုပ်လုပ်တဲ့ လုံခြုံရေးအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ သူ့ကိုယ်သူ “ဟက်ကာ” လို့ အမည်ပေးထားတဲ့ ဆမ်ကာယီဆိုသူထံ ဂူးဂဲလ်က ဒေါ်လာ ၂၄၉၉၉၉ ကပေးပို့ခဲ့ပါတယ်။ သူ့ရဲ့ ဘဏ်စာရင်းထဲ ငွေလွှဲခဲ့တာဖြစ်ပြီး  ဘာကိုမှလည်း ရှင်းလင်းဖော်ပြထားခြင်းမရှိဘူးလို့ သူက တွစ်တာမှာ ရေးခဲ့ပါတယ်။  သူဟာ သုံးပတ်တိတိ ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဂူးဂဲလ်ဆီက ဘာမှ တုန့်ပြန်ချက်မရခဲ့ဘူးလို့ သူကပြောပါတယ်။

တစ်ခါတစ်ခါမှာတော့ သူဟာ ဂူးဂဲလ်လို ကုမ္ပဏီတွေအတွက် bug တွေလိုက်ရှာဖမ်းရတဲ့ ပရောဂျက်တွေလုပ်ခဲ့ဖူးပေမယ့် သူ့အနေနှင့် လတ်တလောသူလုပ်နေတဲ့ ပရောဂျက်တွေနှင့် ဒီငွေပေးချေတာကို ဆက်စပ်စဉ်းစားယူလို့မရဘူးလို့ သူက ဆက်ပြောပါတယ်။

ငွေပေးချေမှုဟာ မှားယွင်းမှုတစ်ခုသာဖြစ်ပြီး ကုမ္ပဏီအနေနှင့် အခုအဲဒီအမှားကို ပြန်ပြင်နေပါပြီလို့ ဂူးဂဲလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ ကျွန်တော်တို့ရဲ့ အဖွဲ့ဟာ လူသားရဲ့မှားယွင်းမှုကြောင့် မဆိုင်တဲ့သူဆီ ငွေပေးချေခဲ့တာပါ” လို့ ကိုယ်စားလှယ်တစ်ဦးက အင်န်ပီအာရ်သတင်းဌာနကိုပြောပါတယ်။

“ အခုလို ခပ်မြန်မြန်ဆက်သွယ်ပေးတဲ့အတွက် မှားယွင်းလက်ခံမိခဲ့တဲ့သူကို ကျေးဇူးတင်ပါတယ်” လို့ သူကပြောပါတယ်။

သောကြာနေ့ကျမှ ဂူးဂဲလ်ဆီက တုန့်ပြန်မှုကြားရတယ်လို့ ကာယီကပြောပါတယ်။

“ ဂူးဂဲလ်က တကယ်ဆက်သွယ်လာတဲ့အတွက် အခု ကျွန်တော် ဘဏ်ကိုသွားပြီး ငွေတွေပြန်ပို့ပေးပါမယ်” လို့ ကာယီက MarketWatch ကိုပြောလိုက်ပါတယ်။

Source UPI

#Google

#Hacker

#Sam_Curry