Published 18 Sept 2022

အကျဉ်းသားတစ်ဦးဖြစ်တဲ့ ဟာဗေးဝိန်းစတိန်းက သူ့ရဲ့ ဆိုးရွားနေတဲ့ အံသွားကို သွားဆရာဝန်ထံ အရေးပေါ်ပြသဖို့လိုအပ်လို့ ပြင်ပပုဂ္ဂလိက သွားဆရာဝန်တစ်ဦးနှင့်ပြခွင့်ပြုဖို့ တရားရုံးကိုတောင်းဆိုလိုက်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့‌ ထောင် သွားဆရာဝန်က  သွားတွေကို နှုတ်ပဲနှုတ်ပေးပြီး သူ့ပါးစပ်ထဲ ဟောင်းလောင်းပေါက်ကြီး ထားခဲ့လို့ဖြစ်တယ်လို့ အကြောင်း ပြလိုက်ပါတယ်။

“ အခြေအနေက အရေးပေါ်ပါခင်ဗျာ” လို့ ယခင်ရုပ်ရှင်ထုတ်လုပ်သူလုပ်ခဲ့တဲ့သူက လော့အင်ဂျလိ တရားရုံးတစ်ခုထဲ ဘီးတပ် ကုလားထိုင်နှင့် ရောက်လာပြီးနောက် တရားသူကြီးကို တောင်းပန်လိုက်တာဖြစ်ပါတယ်၊

“ ကျွန်တော် သွားဆရာဝန်ဖိုးပေးမှာပါ။ တစ်ကြိမ်တည်းဖြစ်မှာပါ။တစ်ကြိမ်တည်းပါခင်ဗျာ” လို့လည်း သူကပြောပါသတဲ့။

သူဟာ ၂၀၀၄နှင့် ၂၀၁၃အကြား အမျိုးသမီးငါးဦးကို လိင်ပိုင်းဆိုင်ရော စော်ကားမှုတွေပြုလုပ်ခဲ့လို့ အကျဉ်းချခံထားရတာပါ။

ထောင်သွားဆရာဝန်တွေက ဝိန်းစတိန်းကို ရွေးချယ်စရာနည်းလမ်း(၂)ခုပေးပါတယ်။ သွားအစားမထိုးဘဲ သွားအနှုတ်ခံမလား ဒါမှမဟုတ် ဆက်ပြီး သွားတွေပိုးစားစေမှာလား ဆိုပြီးမေးတယ်လို့ သူ့ရဲ့ရှေ့နေမတ်ခ်ဝက်ခ်မင်းက ပြောပါတယ်။

နယူးယောက်မှာ လိင်ပိုင်းဆိုင်ရာအမှုတွေနှင့်‌ ထောင်(၂၇)နှစ်ကျခံနေရတဲ့ အသက် ၇၀ အရွယ် ဝိန်းစတိန်းက တရားရုံးထုတ်တဲ့အခါ သူ့ကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် သွားမှာ ဘရစ်ချ် တပ်ပေးတာ ဒါမှမဟုတ် သွားတုတပ်တာ ခွင့်ပြုပေးဖို့ကောင်းတယ်လို့ စောဒကတက်ပါတယ်။

“ ကျွန်တော်နေ့တိုင်း သွားကိုက်နေတယ်။  အခေါင်းပေါက်တွေဖြစ်နေတယ်။ သွားတွေမရှိတော့လို့ အစားမစားနိုင်ဘူး” လို့ သူက ဆက်ပြောပါတယ်။

ရှေ့နေဝက်ခ်မင်းက သူ့အမှုသည်ကို သွားဆရာဝန် ပေးမပြတာဟာ အခြေခံဥပဒေပါ လူ့အခွင့်အရေးတွေကို ချိုးဖောက် ရာရောက်တယ်၊ သူ့ရှေ့သွားတွေမှာ ဟောင်းလောင်းပေါက်ကြီးထားခဲ့တာဟာ ရယ်စရာဖြစ်နေယ်။ ရုပ်ပြောင်နှင့်တူနေတယ် လို့ တောင်းဆိုပါတယ်။

တရားသူကြီးလင့်ချ်က  ပြင်ပသွားဆရာဝန်ဆီ အသွားအပြန်စရိတ်ကု သူကပဲပေးဦးတော့၊ ရဲဌာနက လူတွေလိုအပ်နေမှာ ဖြစ်တယ်။ ဒီလိုတောင်းဆိုမှုဟာ စံနှုန်းတွေနှင့်မညီဘူး။ ဝင်စတိန်းက ကြည့်ရတာ ရယ်စရာလည်းမကောင်းလှပါဘူးလို့ ပြန်ပြောပါသတဲ့။ ဒါပေမယ့် ပြန်လည်သုံးသပ်လို့ရအောင် တောင်းခံစာကိုရေးပြီး သူ့ဆီပို့ပေးဖို့တော့ပြောပါတယ်။

တရားရုံးထုတ်တဲ့ရည်ရွယ်ချက်က အီတလီမှာရှိနေတဲ့ သက်သေနှစ်ဦးကို ဗွီဒီယိုနှင့် ကြားနာဖို့ဖြစ်ပါတယ်။

သူဟာ ၂၀၀၆ခုနှစ်တုန်းက “Project Runway” ဇာတ်ကားရဲ့ ထုတ်လုပ်ရေးလက်ထောက် မီရီယမ်ဟာလီရီကို အတင်းအကျပ်ပါးစပ်နှင့်ဆက်ဆံခိုင်းခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာ ဆံပင်စတိုင်ဖန်တီးသူ ဂျက်ဆီကာမန်းကိုလည်း လိင်ပိုင်းဆိုင်ရာ‌ စော်ကားမှုပြုခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ပြည့်လွန်နှစ်အလယ်လောက်မှာ မင်းသမီး အန်နာဘဲလ်စီယိုရာကို မတရားပြုကျင့်ခဲ့တယ်လို့လည်း တိုင်တန်းခံခဲ့ရပါတယ်။

Source NY Post

#Harvey_Weinstein

#sex_charges

#sexual_assault