Published 8 Sept 2022

ထိပ်တန်းအစိုးရအရာရှိကြီးတစ်ဦးကို ပြောင်လှောင်တာလို့ အများမြင်ထားတဲ့ လူကြည့်များဗွီဒီယိုတစ်ခုကြောင့် နာမည်ကြီးသွားတဲ့ ဗီယက်နမ်က ခေါက်ဆွဲသည်တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ရဲကပြောပါတယ်။ဒါဟာ ဗီယက်နမ်ရဲ့ ကွန်မြူနစ်အစိုးရက သူ့အပေါ်ဝေဖန်သူတွေကို နောက်ဆုံးနှိမ်နှင်းမှုတစ်ခုဖြစ်ပါတယ်လို့ ရိုက်တာကရေးပါတယ်။

ဒါနန်းမြို့မှာ  အမဲသားခေါက်ဆွဲဆိုင်ကလေး ဖွင့်ထားတဲ့ အသက် ၃၈နှစ်အရွယ် ဘွီတွမ်လမ်းကို  အာဏာရပါတီရဲ့ လမ်းညွှန်ချက်နှင့်မူဝါဒတွေကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းအရာတွေကို အွန်လိုင်းတင်ပြီး နိုင်ငံတော်ကို ဆန့်ကျင်ဝါဒဖြန့်တယ်လို့ စွပ်စွဲပြီး သူ့ကို ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဘယ်ကိစ္စနှင့်ဆိုတာတော့ အတိအကျပြောမထားပါဘူး။

၂၀၂၁ခုနှစ်မှာ ဗီယက်နမ်ရဲ့ အာဏာတန်ခိုးထွားတဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဟာ လန်ဒန်က စားသောက်ဆိုင်တစ်ဆိုင်မှာ တူရီကီစားဖိုမှူးရဲ့ ရွှေမံထားတဲ့ အမဲသားကင်စားနေတဲ့ ဗွီဒီယိုပေါ်ထွက်လာပြီးနောက် သူဟာ ဟိတ်ဟန်များပြီး ကျော်ကြားလှတဲ့ စားဖိုမှူး နတ်ရက် ဂိုဆီ ဒါမှမဟုတ် Salt Bae ပုံစံဖမ်းပြီး  သူ့ကိုယ်သူ ဗွီဒီယိုရိုက်ခဲ့တဲ့အတွက်  ရဲက သူ့ကို ဆင့်ခေါ်တာခံခဲ့ရပါတယ်။

“ လမ်း နိုင်ငံတော်ဆန့်ကျင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတော်တော်များများမှာ အဖွဲ့ဝင်လည်းဖြစ်တယ်”လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ခေါင်းဆောင်တွေနှင့်သူတို့ရဲ့ ဂုဏ်ူသိက္ခာ‌ေကို စော်ကားမော်ကား လုပ်တာတွေမပြုလုပ်ဖို့ အာဏာပိုင်တွေက သူ့ကို ထပ်ခါထပ်ခါသတိပေးခဲ့ပါတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

သူ့ကိုဆင့်ခေါ်စဉ်က လမ်းက ဝန်ကြီးကို တစ်ပွဲကို ဒေါ်လာ ၂၀၀၀အထိ ရောင်းတဲ့ အသားကင်နှင့်ပတ်သက်လို့ လှောင်ပြောင်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က လမ်းကို ချက်ခြင်းလွှတ်ပေးဖို့ နှင့် သူတို့ရဲ့အမြင်ကိုဖော်ပြနေတဲ့ ပြည်သူတွေကိုဖမ်းဆီးတာတွေရပ်ဖို့ တောင်းဆိုထားပါတယ်။

“ လှောင်ပြောတာဟာ ခံစားချက်ကိုဖော်ပြတဲ့ တရားဝင်ပုံစံတစ်ခုဖြစ်ပြီး ဒါကို ရာဇဝတ်မှုလို့ မသတ်မှတ်သင့်ဘူး” လို့ အဲဒီအဖွဲ့ရဲ့ ဒုတိယ အာရှညွှန်ကြားရေးမှူး ဖီးလ်ရောဘင်ဆန်ကပြောပါတယ်။

Source: Reuters

#Vietnam_Politics

#Bui_Tuan_Lam

#Salt_Bae