Published-31 Aug 2022

စစ်အေးတိုက်ပွဲကို သွေးထွက်သံယိုမှုမရှိ အဆုံးသတ်နိုင်ခဲ့ပေမယ့် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတာကို ဟန့်တားနိုင်စွမ်း မရှိခဲ့တဲ့ မီခေးလ်ဂေါ်ဘာချော့ဗ်ဟာ အသက်၉၁နှစ်အရွယ် မှာ အင်္ဂါနေ့က ကွယ်လွန်ခဲ့တယ်လို့ မော်စကိုက ဆေးရုံအရာရှိ တွေကပြောပါတယ်။

ဆိုဗီယက်ရဲ့ နောက်ဆုံးသမ္မတဖြစ်ခဲ့တဲ့ ဂေါ်ဘာချော့ဗ်ဟာ အမေရိကန်ပြည်ထောင်စုနှင့် လက်နက်ယှဉ်ပြိုင်မှုလျော့ချနိုင်ခဲ့ပြီး   အနောက်နိုင်ငံတွေနှင့် မိတ်ဖက်လုပ်ကာ ဒုတိယကမ္ဘာစစ်ကတည်းက ဥရောပကိုပိုင်းခြားခဲ့တဲ့ သံမဏိလိုက်ကာကြီးကို ဖယ်ရှားနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးတော့ ဂျာမနီပြန်လည်ပေါင်းစည်းရေးကိုလည်း ဆောင်ကြဉ်းနိုင်ခဲ့သူပါ။

ဒါပေမယ့် သူ့ရဲ့ပြည်တွင်းပြုပြင်ပြောင်းလဲမှုဟာ သမ္မတပူတင်က “နှစ်ဆယ်ရာစုရဲ့ အကြီးကျယ်ဆုံး နိုင်ငံရေး ကပ်ဘေးကြီး” လို့ ဆိုခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးကို ချိနဲ့သွားစေပြီး ပြိုလဲပျက်စီးသွားစေခဲ့ပါတယ်။ 

“မီးခေးလ်ဂေါ်ဘာချော့ဗ်ဟာ ပြင်းထန်ပြီး နာတာရှည်ဖြစ်နေတဲ့ရောဂါတစ်ခုနှင့် ကွယ်လွန်သွားပါတယ်” လို့ ရုရှား ဗဟိုဆေးရုံကြီးက ပြောပါတယ်။

ပူတင်က သူ့ရဲ့ အနက်ရှိုက်ဆုံးဝမ်းနည်းကြေကွဲမှုကို ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့က အင်တာဖက်သတင်းဌာနကိုပြောပါတယ်။ မနက်ဖန်မှာ သူ့မိသားစုနှင့်မိတ်ဆွေများထံ ဝမ်းနည်းကြောင်း သတင်းစကား တယ်လီဂရမ်နှင့်ပါးပါလိမ့်မယ်” လို့ သူကပြောပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေက သူ့သေဆုံးမှုအတွက် ချက်ခြင်းပဲ သူ့ကိုသတိတရစကားတွေပြောဆိုခဲ့ကြပါတယ်။ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယင်က ၁၉၉၀ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ ဂေါ်ဘာချော့ဗ်ဟာ  လွတ်လပ်တဲ့ ဥရောပကို လမ်းဖွင့်ပေးခဲ့သူလို့ ချီးကျူးလိုက်ပါတယ်။

ဆိုဗီယက်လူ့အဖွဲ့အစည်းကို ဖွင့်ပေးလိုက်တဲ့ မမောမပမ်းနိုင်တဲ့ ကတိကဝတ်တွေဟာ ယခုတိုင် ကျွန်တော်တို့အားလုံး အတွက် နမူနာတစ်ခုဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ကပြောပါတယ်။

ယခုအထိတော့ အမေရိကန်နှင့်အိမ်ဖြူတော်ထံက ဘာတစ်ခုမှတုန့်ပြန်မှုမရှိသေးပါဘူး။

Source Reuters

#Mikhail_Gorbachev

#Mikhail_Gorbachev_died

#Soviet_Union