Published 30 Aug 2022

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်းပြည်နယ်က စမတ်လယ်ယာတွေဟာ အင်တာနက်အသုံးချနည်းပညာတွေ သုံးတဲ့အတွက် လယ်ယာထွက်ကုန်ထုတ်လုပ်မှုစွမ်းရည်တွေ တိုးတက်မှုရှိနေကြပါတယ်။

ဟိုင်းယန်စီရင်စုကရွာတစ်ရွာမှာ လယ်သမားတွေဟာ သူတို့ရဲ့ အရွယ်အစားအမျိုးမျိုးရှိတဲ့ လယ်ယာတွေကို လွယ်လွယ်ကူကူ စီမံခန့်ခွဲနိုင်ကြပါတယ်။ အဲဒီအထဲမှာ ရှုဟွာလန်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

ရှုရဲ့ ၃၃ ဟက်တာရှိတဲ့လယ်ထဲမှာ အင်တာနက်အခြေခံနည်းပညာတွေနှင့် အာရုံခံကိရိယာတွေ တပ်ဆင်ပြီး အပင်တွေ ဖွံ့ဖြိုးကြီးထွားလာတဲ့ ဝန်းကျင်ကို စမ်းသပ်တာ၊သတိပေးတာ၊ခွဲခြမ်းစိတ်ဖြာတာနှင့်ချိန်ညှိတာတွေ ဆောင်ရွက်နေပါတယ်။ အဲဒါကြောင့် ရေနှင့် ဓာတ်မြေဩဇာကို ချွေတာသုံးစွဲနိုင်ပြီး အလုပ်သမားခတွေကိုလည်း သက်သာစေပါတယ်။

ရှုက သတင်းထောက်ကို ပြောပြနေစဉ်မှာပဲ သူ့ရဲ့ ဂရင်းဟောက်စ်ပန်ကာတွေက အလိုလို စတင် လည်ပတ်ပါတော့တယ်။

“ ပန်ကာတွေက အလိုအလျောက်အဖွင့်အပိတ်လုပ်တာ။ အခန်းတွင်း အပူချိန်က ၃၀ ဒီဂရီဆဲဆိယတ်စ်ရောက်ရင် ပန်ကာတွေက အလိုလိုလည်ပတ်လာပြီး ၂၅ ဒီဂရီဆဲဆိယတ်စ်ရောက်တာနှင့် အလိုလိုပြန်ပိတ်သွားတယ်” လို့ ရှုက ပြောပါတယ်။

ထူးခြားတဲ့ သစ်သီးတွေနှင့် ဟင်းသီးဟင်းရွက်တွေအားလုံး ကျွန်တော့် ဂရင်းဟောက်စ်ထဲ တွေ့နိုင်တယ်။  အဲဒါတွေအားလုံးကို အင်တာနက်ရဲ့ အိုင်အိုတီစနစ်နှင့် ဒစ်ဂျစ်တယ်နည်းအရ စီမံထိန်းကျောင်းပေးနေတာဖြစ်တယ် လို့လည်း သူကပြောပါတယ်။

အိုင်အိုတီစနစ်နှင့် ဒီဥယျဉ်ထဲက ယာခင်းတွေအားလုံး စီမံလုပ်ဆောင်နေပါတယ်။ ပန်ကာတွေ၊ရေလိုက်ကာ တွေနှင့် နေကာပိုက်တွေ၊ ပြီးတော့ ဂရင်းဟောက်စ်ရဲ့ အပူချိန်နှင့် စိုထိုင်းဆတွေကို အဲဒီနည်းပညာနှင့် ထိန်းသိမ်းစီမံနေပါတယ်” လို့ သူကဆက်ပြောပါတယ်။

အဲဒီအတွက် ရင်းနှီးမြှပ်နှံစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၆.၃သန်းနှင့်ညီမျှတဲ့ တရုတ်ယွမ်ငွေ ၁၁၃သန်းရှိပြီး သူဟာ ဒစ်ဂျစ်တယ်စမတ်ဂရင်းဟောက်စ်ပေါင်း ၁၉ ခုတည်ဆောက်ထားပါတယ်။ အဲဒီဂရင်းဟောက်စ်တွေက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပါတယ်။

“ ကျွန်တော်တို့အပင်တွေကြီးထွားလာတာကို အချိန်နှင့်တပြေးညီစီမံလုပ်ဆာင်နိုင်ပါတယ်။ ရောဂါတွေ၊ပိုးမွှားကောင်တွေနှင့် အမြင့်မားဆုံး ကြီးထွားမှုဝန်းကျင်ရရှိအောင် အမြဲစောင့်ကြည့်နိုင်ကြပါတယ်”လို့လည်းသူကပြောပါတယ်။

“ ပဲနို့နှင့် ကြက်၌တွေကိုအသုံးပြုပြီး အော်ဂဲနစ်မြေဩဇာ ကျွန်တော်တို့လုပ်ပါတယ်။ အဲဒီနောက် အစက်ချစနစ်သုံးပြီး အပင်တွေကို လိုအပ်တဲ့ အဟာရပမာဏကိုတိတိကျကျပေးနိုင်တယ်” လို့ သူကပြောပါတယ်။

အဲဒီဒေသမှာ နည်းပညာအသစ်တွေက လယ်ယာထွက်ကုန်တွေကို ဈေးကွက်မှာ လူကြိုက်များစေပါတယ်။

အလုပ်အများဆုံးရာသီမှာ အလုပ်သမားတွေဟာ ယာထဲနေ့တိုင်းလာပြီး သစ်သီးဝလံဟင်းသီးဟင်းရွက်တွေကို ဖြန့်ဖြူးရောင်းချဖို့ ထုတ်ပိုးကြပါတယ်။ သူတို့ရဲ့ ဝင်ငွေက သတိထားမိစရာဖြစ်လို့ အနီးအနားရွာတွေကလူတော်တော်များများ အလုပ်လုပ်ဖို့ ဆွဲဆောင်ပေးနေပါတယ်။

“ လယ်ယာစိုက်ပျိုးရေး ပုံစံသစ်က လယ်ယာထွက်ကုန်စွမ်းဆောင်ရည်တိုးတက်စေတယ်။ လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေကို အဲသလို ကုမ္ပဏီတွေကို အငှားချပေးတဲ့အတွက် အဲဒီကနေဝင်ငွေရတဲ့အပြင်  အားလပ်တဲ့အချိန်မှာ အဲဒီမှာ ဝင်လုပ်ကိုင်တဲ့အတွက် ပိုက်ဆံတွေပိုရတယ်” လို့ ရွာရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ချေးဟွေးကျားက ပြောပါတယ်။

Source: CCTVPlus

#Smart_farms

#China_modern-agriculture

#Internet-of-the-things