#World_Health
Published 31 August 2022

 

မြေပဲစားသုံးတဲ့အခါ ဗိုက်ပြည့်ဝနေစေပြီး အစာထပ်မစားချင်တော့တာကြောင့် ကယ်လိုရီအဝင်နည်းကာ ကိုယ်အလေးချိန်ကျစေကြောင်း အများအပြား လေ့လာတွေ့ရှိထားပါတယ်။

 

အဟာရတန်ဖိုးဘယ်လောက်ပဲဖြစ်ဖြစ် အဆီစားမိခြင်းက ဗိုက်ပြည့်ဝစေတာလားဆိုတာကို နောက်ထပ်လေ့လာခဲ့ကြပါတယ်။

 

အဲဒီနောက် အာလူးချောင်းကြော်ရဲ့ သက်ရောက်မှုကို လေ့လာခဲ့ပါတယ်။

 

အဆီများစွာပါဝင်ပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အာလူးချောင်းကြော်တွေကို ဗာဒံစေ့နဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။

 

ဗာဒံစေ့တွေက ပရိုတိန်း၊ ဗိုက်တာမင်၊ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကောင်းကျိုးပြုအဆီ ၆၀ ရာခိုင်နှုန်း ပိုမိုပါဝင်ပါတယ်။

 

အာလူးချောင်းကြော် ၃၀၀ ကယ်လိုရီ သို့မဟုတ် ဗာဒံစေ့ ၃၀၀ ကယ်လိုရီကို စမ်းသပ်မယ့်လူတွေအား စားသုံးစေခဲ့ပါတယ်။

 

သူတို့ရဲ့ ကိုယ်အလေးချိန်၊ အဆီပါဝင်မှုရာခိုင်နှုန်း၊ ဆီးချိုအဖြေများကို မှတ်တမ်းတင်ထားပါတယ်။

 

ရက် ၃၀ ကြာပြီးနောက် ကိုယ်အလေးချိန်ကွာခြားခြင်းမရှိသလို ဆီးချိုတိုးလာခြင်းလည်း မရှိပါဘူး။

 

"လှော်ထားတဲ့ဗာဒံစေ့တွေက ကယ်လိုရီများတယ်လို့ လူအများကထင်ကြပေမယ့် တကယ်တော့မဟုတ်ပါဘူး၊ လှော်ထားတဲ့ဗာဒံစေ့ပဲဖြစ်ဖြစ် မလှော်ထားတာပဲဖြစ်ဖြစ် ဗာဒံစေ့ ၁၀၀ ဂရမ်တိုင်းမှာ ၅၈၀ မှ ၆၂၀ ကယ်လိုရီပါဝင်ပါတယ်"လို့ ဒေါက်တာ'မိုင်ယာရိုစ်မန်'က ရှင်းပြပါတယ်။

 

"အဟာရတန်ဖိုးအရကြည့်ရင် ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေ ကွာခြားမှုမရှိပါဘူး၊ ဖက်တီးအက်ဆစ်နဲ့ ပရိုတိန်းတွေလည်း မကွာခြားကြပါဘူး" လို့ ပြောပြပါတယ်။

 

တစ်ခုတည်းသောကွာခြားချက်က ဆားပါဝင်မှုပမာဏပါပဲ။
ဗာဒံစေ့လှော် ၁၀၀ ဂရမ်မှာ ဆိုဒီယမ် ၁၀၀ မီလီဂရမ်ပါဝင်ပြီး ဒီဆားပမာဏက လက်ဘက်ရည်ဇွန်းတစ်ဇွန်းရဲ့ ၁၀ ပုံ ၁ ပုံထက်တောင် နည်းပါးပါသေးတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group