ကိုဗစ်ကာကွယ်ဆေးတွေဟာ ဒယ်လ်တာ မျိုးဗီဇကွဲနှင့်ရင်ဆိုင်နေရတာတောင် ဆေးရုံတက်ရတာ နှင့်သေဆုံးမှုကို ကောင်းကောင်းကြီး ကာကွယ်ပေးနိုင်တယ်လို့ အမေရိကန်ရဲ့ လေ့လာမှု(၃)ခုက ဆိုပါတယ်။
 
ဒါပေမယ့် ဗိုင်းရပ်စ်ရဲ့ ကာကွယ်နိုင်စွမ်းဟာ အသက်အရွယ်ကြီးရင့်တဲ့သူတွေ အထူးသဖြင့် အသက်၇၅နှစ်နှင့်အထက်တွေမှာတော့ ခပ်လျော့လျော့ရှိပုံရတယ်လို့လည်း အဆိုပါတွေ့ရှိချက်အရ သိရပါတယ်။
 
အခုသတင်းအချက်အလက်တွေဟာ ဒယ်လ်တာကြီးစီးနေတဲ့ ကာလမှာ အမေရိကန်ရဲ့ ပြည်နယ်ကိုးခုဆီက ဆေးရုံတက် သတင်းအချက်အလက်တွေဖြစ်ပါတယ်။ မိုဒါနားဟာ ဖိုက်ဇာနှင့် ဂျွန်ဆင်အင်န်ဂျွန်ဆင်တို့နှင့် ယှဉ်ရင် အသက်အရွယ်မရွေးမှာ ဆေးရုံတက်ရဖို့ ပိုပြီးကာကွယ်ပေးနိုင်စွမ်းရှိတာတွေ့ရတယ်လို့လည်း တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။
 
အရေးပေါ်စောင့်ရှောက်ရေးဌာန၊အရေးပေါ်ကုသရေးအခန်းနှင့် ဆေးရုံတွေဆီ ရောက်လာကြတဲ့ လူနာ ၃၂၀၀၀ကျော်ကို လေ့လာမှုပြုခဲ့ရာမှာ ဆေးရုံတက်ရမှုကို မိုဒါနားက ၉၅ ရာခိုင်နှုန်းကာကွယ်ပေးပြီး ဖိုက်ဇာက ၈၀ ရာခိုင်နှုန်းနှင့် ဂျွေန်ဆင်အင်န် ဂျွန်ဆင်က ၆၀ ရာခိုင်နှုန်း အသီးသီးကာကွယ်ပေးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။
 
အမေရိကန် စီဒီစီက သောကြာနေ့မှာ ထုတ်ပြန်တဲ့ သေဆုံးမှုနနှင့်ရောဂါဖြစ်မှု အပတ်စဉ်အစီရင်ခံစာမှာ ခြုံငုံတွေ့ရှိချက်အနေနှင့် ကာကွယ်ဆေးတွေဟာ ကိုဗစ်-၁၉ကို ကောင်းကောင်းကြီးကာကွယ်ပေးနိုင်ဆဲပဲလို့ ဖော်ပြထားပါတယ်။
Source: Reuters