#WorldNews

Published 13 Sept 2021

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ စင်္ကာပူကို တနင်္လာနေ့ စက်တင်ဘာ ၁၃ရက် မှာ အလုပ်သဘောလာရောက်ရန်ရှိပြီး စင်္ကာပူ ခေါင်းဆောင်တွေနှင့် ဆွေးနွေးဖိုရှိတယ်လို စီအင်န်အေ သတင်းဌာနက သတင်းရေးသားလိုက်ပါတယ်။မစ္စတာဝမ်ယီရဲ့နှစ်ရက်တာ စင်္ကာပူခရီးစဉ်မှာ သူဟာ ဝန်ကြီးချုပ် လီရှန်လွန်း၊ဒုတိယဝန်ကြီးချုပ် ဟန်ဆွီကီတိုနှင့်လည်း တွေ့ဆုံမယ်လို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောပါတယ်။သူဟာ စငျ်ကာပူနိုငျငံခွားရေးဝနျကီဲး ဗီဗီယနျဘလကျခရစျရှနျနှငျ့လညျးတှေ့ဖိုရှိပါတယျ။မတ်လတုန်းက ဘလက်ခရစ်ရှန်ဟာ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်မှာ မစ္စတာဝမ်ယီနှင့်တွေ့ဆုံခဲ့ပါတယ်။ အဲဒီတုန်းက သူတို ဟာ ကျန်းမာရေးလက်မှတ်ကို နှစ်နိုင်ငံအပြန်အလှန်အသိအမှတ်ပြုရေး၊မြန်မာနိုင်ငံအခြေအနေတွေကို ပြောဆိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။စင်္ကာပူနိုင်ငံဟာ မစ္စတာဝမ်ယိရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မှာ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံသို သွားရောက်အပြီး တတိယမြောက်ခရီးတစ်ထောက်ဖြစ်ပါတယ်။သူဟာ အင်္ဂါနေ့မှာ စင်္ကာပူကထွက်ခွာပြီး နောက်ဆုံးအဖြစ် တောင်ကိုရီးယားကို သွားရောက်မှာဖြစ်ပါတယ်