Published- 12 Sept 2021
နှလုံးရောဂါကုတဲ့အခါ သွေးလွှတ်ကြောဖွင့်ရာမှာ သွေးမခဲအောင် ပေးရတဲ့ ဆေးတွေက ကိုဗစ်-၁၉ လူနာတွေ သွေးမခဲစေဖို့ ကာကွယ်ရာမှာ အသုံးတည့်နိုင်ဖွယ်ရှိနေတယ်လို့ ကိန်းဂဏန်းအချက်အလက်သစ်တွေအရ သိရတဲ့အကြောင်း ရိုက်တာက ရေးသားပါတယ်။
 
ကိုရိုနာဗိုင်းရပ်စ်ဟာ သွေးထဲမှာအခဲတွေဖြစ်စေတဲ့ ပလိတ်လက်ကလပ်စည်းတွေကို ထိန်းချုပ်နေတဲ့ မျိုးဗီဇတွေအပေါ် အကျိုးသက်ရောက်မှုရှိနေတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်က ထုတ်လုပ်လိုက်တဲ့ ရောင်ရမ်းစေတဲ့ ပရိုတိန်းတွေဟာ ပလိတ်လက်တွေကို အလွန်းအမင်းပြန်လည်တုန့်ပြန်စေပြီး အခဲဖွဲ့စည်းမှုတွေ လွယ်လွယ်နှင့် မကြာခဏဖြစ်စေပါတယ်။
 
နှလုံးသွေးကြောထောက်ကိရိယာထည့်သွင်းပြီးနောက် အသုံးပြုတဲ့ သွေးမခဲစေတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ “ Plavix” နှင့် “Brilinta” တို့ဟာ ကိုဗစ်-၁၉ လူနာတွေရဲ့ ပလိတ်လက်ခ်တွေ အလွန်အမင်းတုန့်ပြန်တာမဖြစ်အောင် P2Y12 ပရိုတိန်းကို ပိတ်ဆို့ပေးနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
 
သူတို့ရဲ့တွေ့ရှိမှုတွေကို နောက်ထပ်လေ့လာမှုတွေက အတည်ပြုပေး နိုင်မယ်ဆိုရင် P2Y12 ထိန်းချုပ်ဆေးတွေဟာ ကိုဗစ်-၁၉ကြောင့် သွေးခဲစေနိုင်တာတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ကုထုံး တစ်ခုဖြစ်လာနိုင်တယ်လို့ သုတေသနစာတမ်းရှင်ကရေးသားပါတယ်။
Source :Reuters