Published - 10 Sep 2021
မက္ကဆီကို အလယ်ပိုင်းက ဆေးရုံတစ်ရုံ စက်တင်ဘာ ၇ရက်နေ့ အင်္ဂါနေ့က ရေလွှမ်းမိုးတဲ့အထဲ ပါသွားပြီးနောက် မီးပြတ်တောက်ကာ အောက်ဆီဂျင်ပေးနေတာတွေပါ ရပ်ဆိုင်းသွားတဲ့အတွက် အနည်းဆုံး လူနာ ၁၇ဦး သေဆုံးခဲ့ရပါတယ်။
မိုးသည်းထန်မှုကြောင့် မြစ်ရေလျှံတက်ကာ ဟီဒါဂိုပြည်နယ်က တူလာမြို့ရဲ့ အထောက်အပံ့ အစီအမံတွေ မြစ်ရေလွှမ်းမိုးခံခဲ့ရတာဖြစ်ပါတယ်။