Published 10 Sept 2021
အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတွေက ခေါင်းဆောင်တွေဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာ စက်တင်ဘာ ၂၄ရက်နေ့ လူချင်းတွေ့ဆုံကြဖို့ အပြီးသတ် ပြင်ဆင်မှုတွေ ဆောင်ရွက်ပြီးပြီလို့ အမည်မဖော်လိုသူ အမေရိကန်နှင့် ဂျပန်သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက စက်တင်ဘာ ၉ရက်နေ့ မှာ သတင်းရေးသားလိုက်ပါတယ်။
အဲဒီနိုင်ငံလေးနိုင်ငံဟာ မတ်လတုန်းက ပထမဆုံးအစည်းအဝေးအဖြစ် အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ အစည်းအဝေးကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးဖြန့်ဖြူးရေး၊ရာသီဥတုပြောင်းလဲမှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စတွေကို တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်တဲ့ အစိတ်အပိုင်းအဖြစ် အချင်းချင်းအနီးကပ်ဆောင်ရွက်ကြဖို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။
ရာထူးကဆင်းတော့မယ့် ဂျပန်ဝန်ကြီးချုပ် ယူရှီဟီဒီဆူဂါးဟာ အဲဒီအစည်းအဝေးကို တက်ရောက်လိမ့်မယ်လို့ ဂျပန်မီဒီယာ က သတင်းပေးပို့ထားပါတယ်။ အဲဒီအပြင် အမေရိကန်သမ္မတ ဂျိုဘိုင်ဒင်နှင့်လည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့လည်းဆိုပါတယ်။ ကြာသပတေးနေ့စောစောပိုင်းမှာ ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ ယတိပြတ်မဆုံးဖြတ်ရသေးပါဘူးလို့ ပြောကြောင်းသိရပါတယ်။
Source: Reuters