Published 9 Sept 2021
ကမ္ဘာပေါ်က ကာကွယ်ဆေးမထိုးရသေးတဲ့ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ဟာ ဆက်လက်ပြီး သန္ဓေပြောင်းလဲနေမှာဖြစ်ပြီး ကိုဗစ်-၁၉ ဟာ ကျွန်ုပ်တို့နှင့်အတူ နေထိုင်ဖွယ်ရှိနေပြီး ယခင်က ဒီဗိုင်းရပ်စ်ပပျောက်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဖယ်ထုတ်ပစ်လိုက်ရပြီလို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရာရှိတွေက အင်္ဂါနေ့ စက်တင်ဘာ ၇ရက်က ပြောဆိုလိုက်ကြပါတယ်။
 
“ ဒီဗိုင်းရပ်စ်ဟာ ကျွန်တော်တို့နှင့်အတူနေထိုင်တော့မယ် ။ ဗိုင်းရပ်စ်ဟာ တုပ်ကွေးဗိုင်းရပ်စ်လိုဘဲ ဆင့်ကဲပြောင်းလဲသွားလိမ့်မယ်၊ သူဟာ ကျွန်တော်တို့ကို အကျိုးသက်ရောက်နေတဲ့ ဗိုင်းရပ်စ်တွေထဲက တစ်ခုလိုဖြစ်သွားလိမ့်မယ် လို ကျွန်တော်ထင်ပါတယ်”လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကျန်းမာရေးအရေးပေါ်အစီအစဉ် အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မိုက်ရိုင်းက ပြောပါတယ်။
 
ကာကွယ်ဆေးတွေဟာ အခြားသောဗိုင်းရပ်စ်တွေလိုပဲ ကိုဗစ်-၁၉ ဟာ ကမ္ဘာကြီးကနေ ပပျောက်သွားဖို့ အာမခံချက်ပေးမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရာရှိတွေက ပြောဆိုထားခဲ့ကြပြီးဖြစ်ပါတယ်။
 
အိမ်ဖြူတော် ကျန်းမာရေးအကြံပေးအရာရှိချုပ် ဒေါက်တာ အန်သိုနီဖောက်ချီနှင့် မိုဒါနားကာကွယ်ဆေး စီအီးအို စတက်ဖိန်း ဘန်ဆဲလ်တို့အပါအဝင် များစွာသော ကျန်းမာရေးပညာရှင်တွေက ကမ္ဘာကြီးဟာ တုပ်ကွေးလိုပဲ ကိုဗစ်နှင့် အမြဲအတူနေထိုင် ရလိမ့်မယ်လို့ သတိပေးထားခဲ့ကြပါတယ်။
လူတွေကပြောကြတယ်။ ကျွန်တော်တို့ဟာ ဗိုင်းရပ်စ်တွေကို ဖယ်ထုတ်ပစ်မယ် ပပျောက်အောင်လုပ်ပစ်မယ်တဲ့။ မဖြစ်နိုင် အတော့်ကို အတော့်ကို မဖြစ်နိုင်ပါဘူးလို့ ရိုင်းကပြောပါတယ်။
 
ဗိုင်းရပ်စ်ပျံ့နှံကူးစက်မှုကို ရပ်တန့်ဖို့ စောစောပိုင်းကတည်းက ကမ္ဘာကြီးက ခြေလှမ်းတွေလှမ်းခဲ့ရ၍ ဒီကနေ့အခြေအနေဟာ ကွဲပြားခြားနားနေမှာဖြစ်တယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရာရှိတွေက ပြောပါတယ်။
 
“ ကျွန်မတို့ ရောဂါတွေစတင်စက အခွင့်အရေးရခဲ့ပါတယ်။ ဒီလောက်အထိုဆိုးလာစရာမရှိပါဘူး” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နည်းပညာခေါင်းဆောင် မာရီယာဗန်ကာကော့ဗ်က ပြောတဲ့အကြောင်း CNBC ကသတင်းရေးသားပါတယ်။
Source: CNBC