Published-8 Sept 2021
ကျူးဘားနိုင်ငံသည် ကလေးငယ်များကို အသက်(၂)နှစ်အရွယ်မှစ၍ ကိုဗစ်ကာကွယ်ဆေး ထိုးနှံသည့် ကမ္ဘာ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်မပြုရသေးတဲ့ ကျူးဘားပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးနှစ်မျိုးကို ထိုးနှံပေးတာပါ။
၂၀၂၀ မတ်လကတည်းက ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်ရင်တက်ဖို့အတွက် ကျူးဘားကျွန်းနိုင်ငံရဲ့ လူဦးရေ ၁၁.၂သန်းက သူတို့ရဲ့ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်းထားကြပါတယ်။
တနင်္လာနေ့တုန်းက စာသင်နှစ်အသစ် စတင်ခဲပြီး ရုပ်မြင်သံကြားကနေတစ်ဆင့် အိမ်မှာသင်ကြရတာပါ။ ဒါပေမယ့် ကျူးဘားအိမ်အများစုဟာ အင်တာနက်မရကြပါဘူး။
အက်ဒါလာနှင့် ဆောဘာရာနာ ကာကွယ်ဆေးနှစ်မျိုးကို ကလေးငယ်တွေနှင့် ဆေးခန်းစမ်းသပ်မှုတွေ ပြီးဆုံးသွားပြီးနောက် ကျူဘားက သောကြာနေ့ကစပြီး အသက်၁၂နှစ်နှင့်အထက်ကလေးငယ်တွေကို ကာကွယ်ဆေးစထိုးပေးခဲ့ပါတယ်။
တနင်္လာနေ့မှာတော့ သူတို့ဟာ အသက်၂နှစ်နှင့် ၁၁နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ အလယ်ပိုင်း ပြည်နယ် စီယန်ဖူဂို့စ်မှာ စတင်ဖြန့်ဖြူးပေးနေပါပြီ။
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကလေးငယ်တွေကို အသက်၁၂နှစ်နှင့်အထက် ကာကွယ်ဆေးထိုးပေးနေပြီဂ အချို့နိုင်ငံတွေမှာတော့ အဲဒီထက်ငယ်ရွယ်သူတွေကို စမ်းသပ်နေတုန်းအဆင့်ပဲရှိပါသေးတယ်။
တရုတ်၊ယူအေအီးနှင့် ဗင်နီဇွဲလားတို့လို နိုင်ငံတွေကလည်း ငယ်ရွယ်တဲ့ကလေးငယ်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် ကျူးဘားကတော့ ပထမဆုံးစတင်ထိုးနှံပေးတာပါ။
ချီလီနိုင်ငံကလည်း တရုတ်ကာကွယ်ဆေး ဆိုင်နိုဗက်ကို အသက်(၆)နှစ်နှင့် (၁၂)နှစ်ကြား ကလေးငယ်တွေကို ထိုးနှံပေးဖို့ တနင်္လာနေ့တုန်းက အတည်ပြုပေးခဲ့ပါတယ်။
ကျူးဘားထုတ်ကာကွယ်ဆေးတွေက လက်တင်အမေရိကရဲ့ ပထမဆုံးကာကွယ်ဆေးတွေဖြစ်ပြီး နိုင်ငံတကာနှင့် သိပ္ပံနည်းကျ အခြာသူတွေက သုံးသပ်အကဲဖြတ်တာ မလုပ်ဆောင်ရသေးပါဘူး။
သူတို့ဟာ recombinant protein နည်းပညာကိုအခြေခံပြီး ထုတ်လုပ်တာပါ။ အမေရိကန်ရဲ့ နိုဗာဗက်နှင့် ပြင်သစ်ရဲ့ ဆာနိုဖီတို့ကလည်း အဲဒီနည်းပညာကိုပဲသုံးထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေကြပါတယ်။
ဒီနည်းပညာနှင့်ထုတ်တဲ့ ကာကွယ်ဆေးဟာ အလွန်အေးအောင် သိမ်းစရာမလိုပါဘူး။
အောက်တိုဘာနှင့်နိုဝင်ဘာမှာ ကျောင်းတွေကို ဖြည်းဖြည်းချင်းပြန်ဖွင့်မယ်လို့ ကျူဘားအစိုးရက‌ ကြေညာထားပါတယ်။ ဒါပေမယ့် ကျောင်းသူကျောင်းသားတွေအားလုံး ကာကွယ်ဆေး ထိုးပြီးမှသာ ဖွင့်မယ်လို့ဆိုပါတယ်။
ကျူးဘာမှာ ကိုဗစ်ကြောင့် သေဆုံသူ ၅၇၀၀ခန့်ရှိရာမှာ အဲဒီထဲက တစ်ဝက်ဟာ ပြီးခဲ့တဲ့ တစ်လတည်းမှာသေဆုံးခဲ့တာ ဖြစ်တယ်လို့ အေအက်ဖ်ပီကရေးပါတယ်။
Source:AFP