Published - 7 Sep 2021
ပါလက်စတိုင်း အကျဉ်းသား ခြောက်ဦးဟာ အစ္စရေးထောင်ထဲမှာ ဥမင်လှိုဏ်ခေါင်းတူးပြီး စက်တင်ဘာ ၆ရက်က ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်။ အစ္စရေးနိုင်ငံမြောက်ပိုင်းက အကျဉ်းထောင်တစ်ခုမှာ လက်ဆေးခွက်ရဲ့ အောက်တည့်တည့်မှာ အကျဉ်းသားတွေက ဥမင်လှိုဏ်ခေါင်း တစ်ခု တူးဖော်ပြီး ထွက်ပြေးလွတ်မြောက်သွားကြတာဖြစ်ပါတယ်။