ကျုးဘားနိုင်ငံမှာ အသက်၂နှစ်မှ ၁၈နှစ်အထိ ကလေးသူငယ်တွေကို အမျိုးသားအဆင့် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို စက်တင်ဘာ ၄ရက်က စတင်လိုက်ပါတယ်။ ကူးစက်မှုတွေမြင့်မားနေတဲ့အချိန်မှာ ကွန်မြူနစ်အစိုးရက ကျောင်းတွေပြန်ဖွင့်ဖို့ ကြိုတင်လိုအပ်ချက်အရ ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံကြရတာ ဖြစ်ပါတယ်။