Published 7 Sept 2021

ကိုဗစ်-၁၉ အကျိုးဆက် ရေရှည်ခံစားနေရသူတွေဟာ ကြီးမားတဲ့ ကျောက်ကပ်ပျက်စီးမှုဖြစ်နိုင်တဲ့ အန္တရာယ်ပိုပြီးရှိနိင်တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ဝေတဲ့ အမေရိကန် နီဖရော်လော်ဂျီအသင်းရဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ဗိုင်းရပ်စ် အပျော့စားကူးစက်ခံရပြီး ကာလရှည်ခံစားနေရတဲ့ သူတွေလည်းပါဝင်ပါတယ်။

စိန့်လူးဝစ်မှာရှိတဲ့ ဝါရှင်တန်ဆေးတက္ကသိုလ်မှာ အခြေပြုတဲ့ အဲဒီသုတေသနမှူးတွေဟာ ကိုဗစ် ပျောက်ကင်းလာကြတဲ့ သူတွေဟာ ပြင်းထန်တဲ့ ကျောက်ကပ်ပျက်စီးမှု အန္တရာယ်မြင့်မားတယ်လို့ ကောက်ချက်ဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

ကိုဗစ်လွန် ကာလရောဂါအဖြစ် ကျောက်ကပ်ရောဂါ အန္တရာယ်ဖြစ်နိုင်ခြေ မြင့်မားနေတာလို့ ဆိုပါတယ်။ ကျောက်ကပ်အတွင်းမှာ ဖြစ်နေတဲ့ မူမမှန်အလုပ်လုပ်မှုနှင့် ရောဂါတွေက နာကျင်မှုမရှိဘူးလို့ အချင်းချင်းလေ့လာကြည့်ရှုထားတဲ့ အဲဒီလေ့လာမှုမှာ ဖော်ပြထားပါတယ်။
 
“ ကိုဗစ်-၁၉ ရှိခဲ့ဖူးတဲ့ လူနာတွေအနေနှင့် ကျောက်ကပ်ရဲ့ အလုပ်လုပ်ဆောင်ပုံနှင့်ရောဂါတွေ အပေါ် ဂရုစိုက်ကြည့်ရှုနေဖို့ အထူးကို အရေးကြီးတယ်လို့ ကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်” လို့ ဝါရှင်တန်ဆေးတက္ကသိုလ်ရဲ့ လက်ထောက်ပါမောက္ခ၊ သုတေသနပူးတွဲစာတမ်းရှင် ဇီယက်အယ်အလီက ပြောပါတယ်။
“ ကပ်ရောဂါစကတည်းက ကူးစက်ခဲ့တဲ့ လူပေါင်း ၃၈သန်းထဲမှာ လူပေါင်း ငါးသိန်းတစ်သောင်းဟာ ကျောက်ကပ်ပျက်စီးတာ ရောဂါဖြစ်တာ ခံစားရနိုင်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” လို့ သူကပြောပါတယ်။
 
သူတို့ဟာ အသက်၆၀နှင့်အထက် များသောအားဖြင့် အမျိုးသားတွေနှင့် ဒီသုတေသနကို လုပ်ဆောင်ခဲ့တာပါ။ ကိုဗစ်ကြောင့် ဆေးရုံတက်ခဲ့ရတဲ့သူတွေဟာ ကျောက်ကပ် အမြဲတမ်းပျက်စီးသွားဖို့ အန္တရာယ်အမြင့်ဆုံးပဲ” လို့ သူကပြောပါတယ်။
Source:JPost