Published- 5 Sept 2012
တိုကျိုရဲ့ နာမည်ကျော် ရှီဘူယား လမ်းဆုံကနေ အဝေးဆုံး အိုကီနာဝန် ကျွန်းအထိ ဂျပန်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ မြင်တွေ့နေက အရာဝတ္တုတစ်ခုကတော့ တင်ဂျီဘလောက်တုန်းတွေပဲဖြစ်ပါတယ်။ အဝါရောင်ခြယ်ထားတဲ့ လေးထောင့် ပလက်ဖောင်း ကျောက်ပြား တင်ဂျီဟာ အမြင်အာရုံ ချို့ယွင်းနေသူတွေကို အကူအညီပေးဖို့လုပ်ထားတာပါ။
အထိအတွေ့အာရုံခံရတဲ့ အဲဒီပလက်ဖောင်းကျောက်ပြားတွေကို ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကတည်းက အမြင်အာရုံချို့ယွင်းနေတဲ့သူတွေ မြို့ထဲမှာ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် သွားလာလို့ရအောင် တီထွင် အသုံးပြုခဲ့တာဖြစ်ပါတယ်။
Source AFP