Published- 6 Sept 2021
ဂျပန်အစိုးရက ဒီဇင်ဘာလက စတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ကို အွန်လိုင်းကနေ ထုတ်ပေးတော့မယ်လို့ သိရါတယ်။
 
အဲဒီကာကွယ်ဆေးလက်မှတ်ကို စမတ်ဖုန်းကနေတစ်ဆင့် QR Code နှင့် ထုတ်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ ကာကွယ်ဆေးနှင့် ပတ်သက်တဲ့ သတင်းအချက်အလက်တွေရဖို့ Code ကို ဖတ်ရမှာဖြစ်ပါတယ်။
 
တနင်္လာနေ့မှာ ပြုလုပ်မယ့် ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်း မြှင့်တင်ရေး ကွန်ဖရင့်ကို ဂျပန်ဝန်ကြီးချုပ် ယိုချီဟီဒါ ဆူဂါးနှင့် အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။ အဲဒီကွန်ဖရင့်မှာ ဒစ်ဂျစ်တယ်ကာကွယ်ဆေးပတ်စ်ပို့ကို တရားဝင် အတည်ပြုပေးမှာလို့ သိရပါတယ်။
 
စက်တင်ဘာ ၁ရက်ကစတည်ဖွဲ့စည်းခဲ့တဲ့ ဒစ်ဂျစ်တယ်အေဂျင်စီက ဒီစီမံချက်ကို ဦးစားပေးအဖြစ်သတ်မှတ်ထားပါတယ်။
 
လက်ရှိမှာ အစိုးရနှင့် မြူနီစပါယ်အဖွဲ့တွေက ကာကွယ်ဆေးလက်မှတ်ကို စာရွက်နှင့်ပဲထုတ်ပေးနေသေးတာ ဖြစ်ပါတယ်။ မြူနီစပါယ်အရာရှိတွေဟာ တစ်နိုင်ငံလုံးအဆင့် အလုပ်တွေနှင့် လျှောက်လွှာတွေကို စာရွက်စာတမ်းတွေနှင့်ပဲ လုပ်နေကြပါတယ်။ ဒီလက်မှတ်ဟာ ပြည်တွင်းသုံးဖို့ထက် နိုင်ငံရပ်ခြားအတွက် ပိုပြီးရည်ရွယ်ထားပါတယ်။
အစိုးရက လေဆိပ်မှာ စမတ်ဖုန်း အက်ပလီကေးရှင်းထဲက QR Code ကိုဖတ်ပြီး အတည်ပြုတဲ့ နည်းလမ်းကို စတင်တီထွင်အသုံးပြုနေပြီ ဖြစ်ပါတယ်လို့ နစ်ကေးအေးရှားက ရေးသားပါတယ်။
Source: Nikkei Asia