ချမ်းသာတဲ့ နိုင်ငံတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို အမြောက်အများသိုလှောင်ထားခြင်းဖြင့် လူ့ကျင့်ဝတ်ဆိုင်ရာ ရက်စက်ရမ်းကားမှုတွေ ကျူးလွန်နေကြတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်းက စက်တင်ဘာ ၄ရက်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ဘရောင်းဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အခြားသော ခုနှစ်ပြည်ထောင် အုပ်စု ခေါင်းဆောင်တွေကို အမေရိကန်နှင့် ဥရောပက သိုလှောင်ရုံတွေမှာရှိတဲ့ ကာကွယ်ဆေးတွေကို အာဖရိကကို ချက်ခြင်း အမြန်ပို့ကြဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

အာဖရိကတိုက်မှာ လူသန်း၇၀လောက်ပဲ ကာကွယ်ဆေးထိုးနှံရသေးတဲ့ အချိန်မှာ အနောက်နိုင်ငံတွေဟာ ကာကွယ်ဆေး သန်း ၃၀၀ခန့်ကို လှောင်ထားကြပါတယ်လို့ သုတေသနကုမ္ပဏီ အဲယားဖင်နတီကို ကိုးကားပြီး တနင်္ဂနွေထုတ် Mirror သတင်းစာကြီးမှာ ဘရောင်းက ဝေဖန်စာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
 
ဉရောပနှင့် အမေရိကန်တို့မှာ အရွယ်ရောက်သူတွေ အားလုံး အားမြှင့်ကာကွယ်ဆေးထိုးနှံပေးပြီး၊ အသက်၁၂နှစ်အထက် ကလေးတွေ ကာကွယ်ဆေးထိုးပြီးသာတောင်မှ ခရစ်စမတ်အရောက်မှာ အနေက်နိုင်ငံတွေမှာ ကာကွယ်ဆေးတွေ တစ်ဘီလျံ လောက်ပိုလျှံနေဦးမယ်လို့ သူကပြောပါတယ်။
 
“ လူတွေကာကွယ်ဆေး မြန်မြန်ထိုးလို့ရနိုင်သမျှ ရအောင် ကျွန်တော်တို့က လက်နက်ပြိုင်ပွဲအသစ်တစ်ခု ဆင်နွှဲနေကြတယ်။ ဒါပေမယ့် အခုလက်နက်ပြိုင်ပွဲကတော့ ကာကွယ်ဆေး ထောက်ပံ့ရယူမှုကို အနောက်နိုင်ငံတွေက လည်မျိုညှစ် ယူနေကြတယ်လို့ သူက ပြောပါတယ်။
 
ချမ်းသာတဲ့ နိုင်ငံတွေက ကာကွယ်ဆေးတွေ လှောင်နေကြတဲ့အတွက် ကုလသမဂ္ဂရဲ့ ကိုဗက်အစီအစဉ်က ကာကွယ်ဆေး တွေ ဝယ်တဲ့ ကိစ္စရပ်ထားရတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

အဲသလိုအမြောက်အများသိုလှောင်ကြတာကြောင့် ခုနှစ်ပြည်ထောင်အဖွဲ့က အာဖရိကနှင့် ဝင်ငွေနိမ့်နိုင်ငံတွေကို ကာကွယ်ဆေးမျှဝေပေးဖို့ ကိစ္စ နှောင့်နှေးနေရတယ်လို့လည်း သူကပြောပါတယ်လို့ ရိုက်တာကရေးပါတယ်။

Source: Reuters