Published: 31 July 2022

ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒဲလ်ဗယ်ဒက်ဇ်ရာမို့စ်ဟာ ဒီကနေ့ ဇူလိုင် ၃၁ ရက်၊ တနင်္ဂနွေနေ့မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန် ချိန်မှာ သူဟာ အသက် ၉၄နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

သူဟာ မားကို့စ်ရဲ့အစိုးရကနေ စွန့်ခွာ ဘက်ပြောင်းခဲ့တဲ့အတွက် လူတော်တော်များများရဲ့ သူရဲကောင်းဖြစ်ခဲ့သူပါ။ အဲဒီတုန်းက သူဟာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကို ဦးဆောင်နေသူဖြစ်ပြီး ၁၉၈၆ခုနှစ် လူထုအုံကြွမှုမှာ အာဏာရှင်မားကို့စ် ပြုတ်ကျစေဖို့သူ့ရဲ့ဘက်ပြောင်းမှုက တွန်းအားဖြစ်ခဲ့ပါတယ်။

အခြာတစ်ဖက်မှာလည်း မားကို့စ်အာဏာရစဉ်အတွင်း စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့ အခန်းကဏ္ဍကို မေ့မရနိုင်သူတွေလည်းရှိနေခဲ့ကြပါတယ်။

၁၉၉၂ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကပ်နိုင်ခဲ့ပြီးနောက်  ရာမို့စ်ဟာ မားကို့စ်ကို ဖြုတ်ချခဲ့တဲ့ ပြည်သူ့အာဏာခေါင်းဆောင် ကော်ရာဇွန်  အကီနိုနေရာကို အစားထိုးရောက်ရှိလာပြီး သမ္မတဖြစ်လာခဲ့ပါတယ်။အဲဒီတုန်းက သူဟာ ထောက်ခံမဲ ၂၃ရာခိုင်နှုန်းလျော့လျော့ရရှိခဲ့ပေမယ် သူ့ရဲ့သမ္မတသက်တမ်းမှာ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရရှိခဲ့တာကြောင့် လူထုထောက်ခံမှု ၆၆ ရာခိုင်နှုန်းအထိ ရရှိခဲ့သူလည်းဖြစ်ပါတယ်။

သမ္မတဟောင်းရာမို့စ်ကွယ်လွန်တာသိရလို့ အထူးကြေကွဲဝမ်းနည်းရတယ်လို့ သမ္မတဖာဒီနန်မားကိုစ်ဂျူနီယာရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ထရီဇီခရုခ် အိန်ဂျယ်ကပြောပါတယ်။

Source: Reuters

#Fidel_Valdez_Ramos_died

#Philippine_Former_President_Ramos

#Philippine_Politics