Published 31 July 2022

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)ရဲ့ စစ်နယ်တိုင်းကြီး (၃)တိုင်းဟာ  ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နှင့် အခြား တရုတ်ရေပိုင်နက်တွေမှာ တကယ်စစ်ပွဲပုံစံ ရေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်ပြုလုပ်ခဲ့ပါတယ်။

အဲဒီလိုလေ့ကျင့်မှုဟာ စစ်ပွဲအတွက် တိုက်ပွဲဝင်  အဆင်သင့်အနေအထား အသင့်ပြင်ဆင်ထားခြင်းဖြစ်တယ်လို့ CCTV က ပြောပါတယ်။

တရုတ်တပ်မတော် မြောက်ပိုင်းစစ်နယ်တိုင်း ရေတပ်ဟာ ပင်လယ်ဝါထဲမှာ လက်တွေ့ပစ်ခတ်ပြီး လေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အလားတူ အရှေ့ပိုင်းစစ်နယ်တိုင်းကလည်း အရှေ့တရုတ်ပင်လယ်ထဲမှာ ရေတပ်သင်္ဘော အုပ်စုနှင့်အတူ ပစ်ခတ်တိုက်ခတ် လေ့ကျင့်ခဲ့ကြပါတယ်။ တောင်ပိုင်းစစ်နယ်တိုင်းကလည်း အလားတူ စစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့ရက်များအတွင်း ပြုလုပ်ခဲ့ကြပါတယ်။

Source: CCTV Plus

#China_ PLA_combat_ready_drill

#China_Taiwan_Tension

#China_US_Pelosi_Visit