Published: 27 July 2022

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့် ဘေဂျင်းမှာ အင်္ဂါနေ့က တွေ့ဆုံစဉ် တရုတ်သမ္မတရှီကျင့်ဖျင်က ဂျာကာတာနှင့် ဘန်ဒေါင်းအကြား မြန်နှုန်းမြင့် ရထာလမ်းစီမံကိန်းအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေဟာ အဆင်ပြေ ချောမွေ့စွာတိုးတက်နေတယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ရာ ဝီဒိုဒိုကလည်း မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းဟာ နှစ်နိုင်ငံချစ်ကြည်ရေးမှာ နောက်ထပ် မှတ်တိုင်တစ်ခုဖြစ်တယ်လို့ သုံးနှုံးပြန်ကြားခဲ့ပါတယ်။

တရုတ်ရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်စီံမံကိန်းတစ်ခုအဖြစ် ဒီလစောစောပိုင်းမှာ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းအတွက် အဓိကလိုင်းပိုင်းမှာ အောက်ခြေသံလမ်းတွေ စတင်ခင်းရင်းစတင်ခဲ့ကြပါတယ်။ဒါဟာ တရုတ်နှင့် အင်ဒိုနီးရှားအကြား အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်လို့ CGTNကရေးသားပါတယ်။

တရုတ်နည်းပညာနှင့်တည်ဆောက်မယ့် အဲဒီရထားလမ်းမှာ ရထားတွေကိုတစ်နာရီ ၃၅၀ ကီလိုမီတာ အမြန်နှုန်း  မောင်းနှင်  နိုင်အောင် ဒီဇိုင်းလုပ်ထားပါတယ်။ အဲဒါကြောင့် ဂျာကာတာနှင့် အင်ဒိုနီးရှားရဲ့ စတုတ္ထအကြီးဆုံး မြို့တစ်မြို့ ဖြစ်တဲ့  ဘန်ဒေါင်းအကြား သုံးနာရီကြာရထားခရီးကနေ မိနစ်၄၀ပဲ ကြာတော့မှာဖြစ်ပါတယ်။

“ တရုတ်နှင့် အင်ဒိုနီးရှားတို့ဟာ တူညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေရှိကြတယ်။ ပြီးတော့ ရစ်ပတ်ယှက်နွယ်ထားတဲ့ အကျိုး စီးပွားတွေလည်း ရှိကြတယ်။တူညီတဲ့အတွေးအခေါ်နှင့် ဖွံဖြိုးတိုတက်ရေးလမ်းကြောင်းနောက်လိုက်ပါရင်း နီးကပ်ချိတ်ဆက်  တဲ့ အနာဂတ်ကို အတူခံစားကြမယ်” လို့ သမ္မတရှီကပြောပါတယ်။ တရုတ်-အင်ဒိုနီးရှား လူ့အဖွဲ့အစည်းကို မျှဝေခံစားတဲ့ အနာဝတ်နှင့်အတူတွဲရှိကြခြင်းဟာ နှစ်နိုင်ငံပြည်သူတွေအတွက် တူညီတဲ့ ရည်မှန်းဆန္ဒတွေနှင့်‌ မျှော်လင့်ချက်တွေ ဖြစ်ကြ တယ်”လို့ ရှီက ဖြည့်စွက်ပြောပါတယ်။

ဝီဒိုဒိုဟာ တရုတ်နိုင်ငံ ဘေဂျင်းဆောင်းရာသီအိုလံပစ်နောက်ပိုင်း တရုတ်နိုင်ငံကို ပထမဆုံးလာရောက်တဲ့ နိုင်ငံခြားတိုင်းပြည် တစ်ခုက နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဝီဒိုဒိုအတွက် အရှေ့အာရှခရီးစဉ်ရဲ့ ပထမဆုံးခရီးတစ်ထောက်လည်း ဖြစ်ပါတယ်။

တရုတ်ဟာ အင်ဒိုနီးရှားရဲ့ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၂၀၂၁ခုနှစ်မှာ ဆက်လည်တည်ရှိနေပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၂၄.၃ ဘီလျံရှိနေပါတယ်။ကုန်သွယ်မှုဟာ နှစ်စဉ်တိုးတက်မှု ၅၈.၄ ရာခိုင်နှုန်းရှိနေပါတယ်။

#Source CGTN

#China_Indonesia

#Indonesia_Prsident_Visits_China

#Xi_ Widodo