Published 18 July 2022

အမေရိကန်ပြည်ထောင်စု  အင်ဒီရာနာဈေးဝယ်စင်တာကြီးတစ်ခုမှာ တနင်္ဂနွေညနေခင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူသုံးဦးအပစ်ခတ်ခံရပြီးသေဆုံးခဲ့ရပါတယ်။ နောက်ထပ်နှစ်ဦးက ဒဏ်ရာရရှိခဲ့တယ်လို့ ရဲကပြောပါတယ်။ ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့လူတစ်ဦးဟာ အဲဒီဈေးဝယ်စင်တာကြီးက  စားသောက်ဆိုင်တန်းထဲ သေနတ်နှင့်ပစ်ခဲ့တာဖြစ်ပြီး  သေနတ်ကိုင်ဆိုင်ထားတဲ့ အရပ်သားတစ်ဦးက သေနတ်သမားကိုသေနတ်နှင့်ပြန်ပစ်ခတ် သတ်ပစ်ခဲ့ပါတယ်။

အမျိုးသားတစ်ဦးဟာ ဂရင်းဝုဒ် ပတ်ခ် မောလ်ထဲ ကိ ရိုင်ဖယ်သေနတ်တစ်လက်နှင့် ကျည်ကပ်တွေများစွာနှင့်အတူ ဝင်ရောက်လာပြီး စားသောက်ဆိုင်တန်းကို သေနတ်နှင့်စပစ်တာဖြစ်တယ်လို့ ဂရင်းဝုဒ်ရဲဌာနမှူး ဂျင်မ်အိုင်ဆွန်က ပြောပါတယ်။

အဲဒီနောက် သေနတ်ပါတဲ့ အရပ်သားတစ်ဦးက အဲဒီသေနတ်သမားကို ပြန်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်၊ အဲဒါကြောင့် သေနတ်သမားအပါအဝင်စုစုပေါင်း(၄)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်တယ်လို့ သတင်းရရှိချင်း အရာရှိတွေက အဲဒီမောလ်ကို ညနေ ၆နာရီမှာရောက်သွားပါတယ်။ ရဲဟာ စားသောက်ဆိုင်တန်းအနီး သန့်စင်ခန်းထဲမှာ သံသယဖြစ်စရာ ကျောပိုးအိတ်တစ်လုံးကိုတွေ့ရှိသိမ်းဆည်းခဲ့ကြပါတယ်။

“ ဒီနိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုးထပ်ဖြစ်တဲ့အတွက် အတော့်ကို ရွံရှာနေပါပြီ” လို့ အင်ဒီရာနာပိုလစ်ရဲတပ်ဖွဲ့ ဒုရဲချုပ် ခရစ်ဘိုင်လေးက ပြောပါတယ်။

ဂရင်းဝုဒ်ဟာ အင်ဒီရာနာပိုလစ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးမြို့ဖြစ်ပြီး လူဦးရေ ခြောက်သောင်းခန့်ရှိပါတယ်၊

#Source_AP