Published 17 July 2022

တရုတ်က မဟာအင်အားကြီးအဆင့်မြင့်တက်သွားပြီး ရုရှားနှင့် မိတ်ဖက်ပြုလိုက်တာဟာ ရာစုနှစ်များအတွင်း အထင်ကရ အဖြစ်ဆုံး သိသာစွာပြောင်းလဲမှုများထဲက တစ်ခုဖြစ်နေတဲ့အလျောက် အနောက်ရဲ့ကြီးစိုးမှု ဟာ အဆုံးသတ်တလာနေတယ်ဆိုတာကို ယူကရိန်းစစ်ပွဲက ပြသနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ပြောကြားလိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း သို့မဟုတ် ဆိုဗီယက်ပြည်ထောင်စုပြိုလဲခြင်းတွေက ကမ္ဘာကြီးမှာ နှိုင်းယှဉ်ရလောက်အောင် အချိုးအကွေ့ တစ်ခု ဖြစ်ခဲ့ပါတယ်။ သို့သော် ဒီတစ်ချိန်မှာတော့  အနောက်ဟာ အပေါ်စီးမှာ မရှိတော့တာ ရှင်းလင်းသေချာနေပြီလို့ သူကဆက်ပြောပါတယ်။

“ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးနှင့်စီးပွားရေး စိုးမိုးထားမှုတွေ အဆုံးသတ်တော့မှာဖြစ်တယ်” လို့ ဘလဲယားက လန်ဒန်မြို့  ဒစ်လေပတ်ခ်မှာပြုလုပ်တဲ့ “ ယူကရိန်းပြီးနောက်  အနောက်ခေါင်းဆောင်တွေ အတွက် ယခုသင်ခန်းစာများ” ဆိုတဲ့ ခေါင်းစဉ်နှင့် ဆွေးနွေးပွဲမှာ ဟောပြောပို့ချခဲ့ရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကမ္ဘာကြီးဟာ အနည်းဆုံးတော့ ဝင်ရိုးနှစ်ခုကမ္ဘာ ဖြစ်မယ် ဖြစ်နိုင်တာက ဝင်ရိုးစုံဖြစ်လိမ့်မယ်” လို့ ဘလဲယားကပြောပါတယ်။ ဒီရာစုအတွက် အကြီးမားဆုံး ပထဝီနိုင်ငံရေး အပြောင်းအလဲဟာ ရုရှားကလာမှာမဟုတ်ဘဲ တရုတ်က လာမှာဖြစ်တယ်”လို့ သူကဆက်ပြောပါတယ်။

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုဟာ လူထောင်ပေါင်းမျာစွာကို သတ်ပစ်ခဲ့ပြီး ကမ္ဘာကြီးက နျူကလီးယားစစ်ပွဲဖြစ်လုနီးအခြေအနေရောက်နေတာကို လူတော်တော်များများ စိုးထိတ်နေကြချိန် ရုရှားနှင့်အနောက်အကြားမှာ  ၁၉၆၂ခုနှစ် ကျူးဘားဒုံးကျည်အကျပ်အတည်း နောက်ပိုင်း အပြင်းထန်ဆုံး အကျပ်အတည်းတစ်ခုကို အစပျိုးပေးခဲ့ပါတယ်။

ရုရှားရဲ့စီးပွားရေးကို အရေးယူပိတ်ဆို့မှုတွေနှင့် အထီးကျန်အောင်ကြိုးစားဆောင်ရွက်ခြင်းဖြင့် အနောက်ဟာ  စီးပွားရေးစစ်ပွဲကိုကြေညာခဲ့တယ်လို့ သမ္မတ ဗလက်ဒီမာပူတင်က ပြောပါတယ်။  ရုရှားဟာ တရုတ်နှင့် အိန္ဒိယလိုပဲ အင်အားကြီးဖြစ်လာလိမ့်မယ်လို့ ပူတင်ကပြောပါတယ်။

“ကျွန်တော်တို့က အကျိုးအသင့်အကြောင်းသင့်လို့ စဉ်းစားထားတဲ့ အတိုင်း ပြုမူဖို့အတွက် အနောက်ဟာ တရုတ်အပေါ်မှာ မှီခိုလို့မရဘူးဆိုတာကို ယူကရိန်းစစ်ပွဲက ရှင်းရှင်းလင်းလင်သိစေတယ်” လို့ ဘလဲယားကပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပူတင်ကို ဆက်လက်ထောက်ခံနေပြီး အနောက်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဝေဖန်နေပါတယ်။  တရုတ်နှင့်ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက် လို့ သုံးနှုံးတဲ့ ဆက်ဆံရေးကို ခိုင်မြဲအောင်ပြုလုပ်ခဲ့ပါတယ်။

၁၉၇၉ခုနှစ်က တရုတ်ရဲ့ စီးပွားရေးဟာ အီတလီ စီးပွားရေးထက် ငယ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို ဖွင့်ပေး လိုက်ပြီး ဈေးကွက်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးတဲ့နောက် ယခုအခါ ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်လာခဲ့တာပါ။

တရုတ်ရဲ့စီးပွားရေးဟာ ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်ပြည်ထောင်စုကိုကျော်ဖြတ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ တရုတ်ဟာ ၂၁ရာစုရဲ့ နည်းပညာအချို့ဖြစ်တဲ့ ဉာဏ်ရည်တုနည်းပညာ artificial intelligence ၊ regenerative medicine နှင့် conductive polymersတို့လိုနည်းပညာတွေမှ ဦးဆောင်နေတာဖြစ်ပါတယ်။

“ တရုတ်နိုင်ငံဟာ စူပါပါဝါဖြစ်ရောက်လာတာဟာ သဘာဝကျပြီး ခိုင်လုံတယ်။သူက ဆိုဗီယက်ပြည်ထောင်စုမဟုတ်ဘူး” လို့ ဗြိတိန်မှာ ၁၉၉၇ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဘလဲယားကပြောပါတယ်။  တရုတ်ရဲ့ မဟာမိတ်တွေဟာ ရုရှားနှင့် အီရန်ဖြစ်ဖို့များတယ်လို့ သူကပြောပါတယ်။

တရုတ်ဟာ စစ်ရေးမှာပါ ကျော်ဖြတ်သွားမှာကို အနောက်ကခွင့်မပြုသင့်ဘူးလို့လည်း သူကပြောပါတယ်။

“ ကျွန်တော်တို့ ကာကွယ်ရေးစရိတ်တွေတိုးမြှင့်သင့်တယ်။ စစ်ရေးအရ သာနေတာကို ဆက်ထိန်းထားသင့်တယ်” လို့ ဘလဲယားကပြောပါတယ်။ အမေရိကန်နှင့်သူ့ရဲ့ မဟာမိတ်တွေဟာ နောက်ဆုံးဖြစ်လာနိုင်ချေ  ဘယ်လိုဟာမျိုးမဆို  ဒါမှမဟုတ် နယ်ပယ်အားလုံးက ဘယ်လိုပဋိပက္ခမျိုးကိုမဆို လိုအပ်တာတွေဖြည့်ပေးနိုင်တဲ့ လုံလောက်တဲ့ အားသာမှုမျိုး ရှိထားသင့်တယ်” လို့ သူကပြောလိုက်ပါတယ်။

Source: Reuters