ublished- 29 August 2021
 
ဒူဘိုင်း- ယူအေအီးနိုင်ငံဟာ ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးသား ကမ္ဘာလှည့်ခရီးသည်တွေကို ဩဂုတ် ၃၀ရက် တနင်္လနော့ကစပြီး ဗီဇာ ပြန်ထုတ်ပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ရွှေ့ဆိုင်းထားတဲ့ ၂၀၂၀ ကုန်စည်ပြပွဲကြီးကို ဒူဘိုင်းက အိမ်ရှင်နိုင်ငံအဖြစ် မကျင်းပခင် တစ်လအလိုမှာ အခုလိုကြေညာလိုက်ပါတယ်။
 
ရေနံကြွယ်ဝတဲ့ ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ယူအေအီးနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ
ပြန်လည်ကျဆင်းလာပြီးနောက် ကမ္ဘာလှည့် ဗီဇာပြန်ထုတ်ပေးလာတာဖြစ်ပါတယ်။
တစ်ရက်ပိုးတွေ့နှုန်းဟာ တစ်ရက်ကို တစ်ထောင်အောက် တစ်လအတွင်း ပထမဆုံးအဖြစ် ပြီးခဲ့တဲ့အပတ်က ကျဆင်းလာတာပါ။
 
နိုင်ငံအားလုံးက ကမ္ဘာလှည့်ခရီးသည်တွေကို တံခါးဖွင့်ပေးလိုက်တဲ့ ဒီဆုံးဖြတ်ချက်ကို “ စီးပွားရေးပြန်လည်နာလံထူဖို့ နှင့် ဖွံဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်အောင်” ချမှတ်လိုက်တာလို့ အစိုးရရဲ့ ဒဗလျူအေအမ် သတင်းအေဂျင်စီက စနေနေ့က ပြောပါတယ်။
 
ပြည်ဝင်ခွင့်ဗီဇာရယူမယ့်သူတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အတည်ပြုပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးတစ်မျိုးမျိုးကို အပြည့်အဝထိုးထားပြီးသူတွေဖြစ်ဖို့လိုပါတယ်။ အဲဒီကာကွယ်ဆေးတွေမှာ အက်စထရာဇင်နီကာ၊ ဂျွန်ဆင်အင်နှင် ဂျွန်ဆင်၊ဖိုက်ဇာ၊မိုဒါနာ၊ ဆိုင်နိုဖမ်နှင့် ဆိုင်နိုဗက်တို့ ပါဝင်ကြပါတယ်။
“ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံအားလုံးနှင့် အကျုံးဝင်ပါတယ်။ ယခင်တားဆီးထာတဲ့ နိုင်ငံတွေက ရောက်ရှိလာမယ့် လူတွေလည်း ပါဝင်ပါတယ်” လို့ သတင်းကရေးသားထားပါတယ်။
 
တိုးရစ်ဗီဇာနှင့်ရောက်ရှိလာသူတွေဟာ ရောက်ရောက်ချင်း လေဆိပ်မှာ ပီစီအာရ်စက်နှင့်ကိုဗစ်စစ်ဆေးမှုကို မဖြစ်မနေ ခံယူရမှာဖြစ်ပါတယ်။
 
ယူအေအီးမှာ ယခုထက်ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၇၁၅၀၀၀ ဦးရှိပြီး ၂၀၁၆ ဦးသေဆုံးခဲ့ပါတယ်။
Source: CNA