Published 30 June 2022

ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန်မားကို့စ် ဂျုနီယာက ဇွန်လ(၃၀)ရက် ကြာသပတေးနေ့က နိုင်ငံ့ခေါင်းဆောင်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးမှာ ဖခင်ဖြစ်သူ အာဏာရှင်မားကိုစ်ရဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့တာတွေကို ချီးကျူးလိုက်ပါတယ်။

အသက် ၆၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဒီနန် ဘွန်ဘွန် မားကို့စ် ဂျုနီယာဟာ ပြီးခဲ့တဲ့ လက ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ခဲ့ရပြီး ဒီ အနိုင်ရမှုဟာ သူ့ဖခင်ကို လူထူအုံကြွမှုကြီးနှင့်ဖယ်ရှားခဲ့တဲ့ ၁၉၈၆ခုနှစ် နောက်ပိုင်း အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

သူဟာ ကြောက်မက်စရာ မူးယစ်စစ်ပွဲနှင့် နိုင်ငံတကာမှာ အရှက်ခွဲခံရပြီး ပြည်တွင်းမှာအလွန်လူကြိုက်များခဲ့တဲ့ သမ္မတ ရိုဒရီဂို ဒူတာတီးရဲ့ အရိုက်အရာကို ဆက်ခံရတာပါ။

မနီလာမြို့တော်မှာကျင်းပတဲ့ သမ္မတအဖြစ်ကျမ်းသစ္စာဆိုလူထုအခမ်းအနားကို သံတမန်တွေ၊လူကုံထံတွေနှင့် သူ့ကို ထောက်ခံသူတွေနှင့်အတူ မိခင်ဖြစ်သူ အသက်၉၂နစ်အရွယ် အီမယ်လ်ဒါမားကို့စ် ဟာ မီတာအနည်းငယ်အကွာမှာ တက်ရောက်ခဲ့ပါတယ်။

“ ကျွန်တော်ဟာ လွတ်လပ်ရေးရပြီးကတည်းက အနည်းအကျဉ်းပဲ တိုးတက်မှုရှိခဲ့တာကိုတွေ့ခဲ့ရတဲ့ လူတစ်ဦးကို တစ်ခါတုန်းက ကျွန်တော်သိခဲ့တယ်။ ဒါပေမယ့် သူဟာ အများကြီးလုပ်သွားတယ်” လို့ ဖခင်မားကို့စ်ကိုချီးကျူးပြောဆိုပါတယ်။ သူ့ဖခင်ဟာ သူ့ကိုဆက်ခံခဲ့တဲ့သူတွေထက် လမ်းတွေ အများကြီးဖောက်သွားတယ်။ ဆန်တွေ အများကြီးစိုက်ပျိုးထုတ်လုပ်သွားတယ် လို့လည်းသူကပြောပါတယ်။

အဲဒါကြောင့် သူသားတစ်ဦးအနေနှင့် ခင်ဗျားတို့ဟာ ကျွန်တော့်ဆီက ဆင်ခြေဘာတစ်ခုမှ ရမှာမဟုတ်ပါဘူး” လို့လည်း သူက ကတိပေးသွားပါတယ်။

ကျမ်းသစ္စာ မကျိန်မှီ  နှာခေါင်းစည်းတပ်ပြီး ရိုးရာ ဝတ်စုံဝတ်ထားတဲ့ တာဝန်ပြီးဆုံးတော့မယ့် အသက်၇၇နှစ်အရွယ် သမ္မတ ဒူတာတီးဟာ မားကို့စ်ဂျုနီယာကို သမ္မတအိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ဒူတာတီးရဲ့သမီးဆာရာဒူတာတီးဟာ ဒုသမ္မတ တစ်ဦးအဖြစ် မားကိုစ့်ဂျူနီယာရဲ့အစိုးရမှာ တာဝန်ယူမှာလည်းဖြစ်ပါတယ်။

Source AFP