Published-27 August 2021
ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေဟာ ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေထက် ဆေးရုံတက်ရနိုင်ခြေ ၂၉ဆ မြင့်မားကြောင်းတွေ့ရတယ်လို့ အင်္ဂါနေ့က ထုတ်ဝေခဲ့တဲ့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ(စီဒီစီ)ရဲ့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။
 
၂၀၂၁ခုနှစ် မေ (၁)ရက်ကနေ ဇူလိုင်(၂၅)ရက်အတွင်း ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ ကာလီဖိုနီးယား၊ လော့အင်ဂျလိစီရင်စုက လူပေါင်း ၄၃၁၂၇ ဦးထဲမှာ ၂၅.၃ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးအပြည့်ထိုးထားပြီးသူတွေ၊ ၃.၃ ရာခိုင်နှုန်းဟာ တစ်စိတ် တစ်ပိုင်းထိုးထားသူတွေနှင့် ၇၁.၄ရာခိုင်နှုန်းစာ လုံးဝထိုးမထားသူတွေဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
 
အဲသလိုလေ့လာကြည့်တဲ့အခါ ကာကွယ်ဆေးထိုးမထားသူတွေ ဆေးရုံတက်ရတာဟာ ၂၉.၂ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေးထိုးပြီးသူတွေ ဆေးရုံတက်ရတာ ၄.၉ ရာခိုင်နှုန်းပဲ ရှိတာကို တွေ့ခဲ့ကြရပါတယ်။
 
စီဒီစီရဲ့လေ့လာမှုဟာ ကာကွယ်ဆေးရဲ့အောင်မြင်မှုဆိုင်ရာ သတင်းတွေနောက်လိုက်တာြဖစ်လို့ ဒီလေ့လာမှုဟာ အကန့်အသတ်တော့ ရှိနေပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကူးစက်ခံခဲ့ရတဲ့ သူတွေရဲ့ ဓာတ်ခွဲခန်းအချက်အလက်တွေထဲမှာ ကာလီဖိုနီးယားပြင်ပဖက်က ကာကွယ်ဆေးထိုးထားပြီးသူတွေ မပါဘဲရှိနေလို့ ကာကွယ်ဆေးထိုးနှံမှုအခြေအနေဟာ လွဲမှားစွာ အစုခွဲသတ်မှတ်တာမျိုးဖြစ်နိုင်ပါတယ်။
 
လက်ရှိမှာ အမေရိကန်တွေရဲ့ ၅၁.၅ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးထိုးပြီးဖြစ်နေပါတယ်။ ၆၀.၃ ရာခိုင်နှုန်းကတော့ အနည်းဆုံး တစ်လုံးထိုးပြီးသားသူတွေပါ။ ဒီစီဒီစီရဲ့လေ့လာတွေ့ရှိချက်ဟာ အက်ဖ်ဒီအေက ဖိုက်ဇာကာကွယ်ဆေးကို အပြည့်အဝအဆင့် ခွင့်ပြုပြီး နောက်တစ်ရက်မှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
Source : JPost